THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


May 2020 Events


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Sowers Action, Hong Kong, China မှ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁:၀၀ နာရီတွင် Sowers Action, Hong Kong, China မှ Project Officer (Myanmar Office) ဒေါ်မိုးမိုးယု ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများဖြစ်သော Surgical Mask ၆,၀၀၀၊ Surgical Gloves ၃,၅၀၀၊ Face Shield ၂၀၀ နှင့် PPE ၁၅၀ တို့ကို လာရောက် ပေးအပ်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်တို့က လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Korean Food for the Hungry International (KFHI) နှင့် Be My Friend (Myanmar) တို့မှ Mask နှင့် PPE များလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီတွင် Korean Food for the Hungry International (KFHI) နှင့် Be My Friend (Myanmar) တို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mask နှင့် PPE များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Mr. Hahm Jeonghan (Deputy Chief of Mission)၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Mr. Won Sunghee (Country Elder of KFHI)၊ ဦးကျဲအိုလျန်ထန် (Chairman of Be My Friend) နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Mr. Hahm Jeonghan (Deputy Chief of Mission) က ဂုဏ်ပြုအမှာစကား ပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ Korean Food for the Hungry International (KFHI) မှ Mr. Won Sunghee က Mask နှင့် PPE များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Mr. Hahm Jeonghan (Deputy Chief of Mission) နှင့်အတူ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Mask နှင့် PPE များကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံရုံးမှ Deputy Chief of Mission၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Korean Food for the Hungry International (KFHI) နှင့် Be My Friend (Myanmar) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင် ရုတ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပါသည်။

ယနေ့ပြုလုပ်သော လှူဒါန်းပွဲအခမ်းအနားတွင် KFHI နှင့် Be My Friend တို့မှ USD 17,500 တန်ဘိုးရှိသည့် Mask 50,000 နှင့် USD 39,000 တန်ဘိုးရှိသည့် PPE 5,000 တို့ကို လှူဒါန်းကြခြင်းဖြစ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Hyundai Motor နှင့် Shwe Daehan Motors တို့မှ Personal Protactive Equipment (PPE) များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ (၁၄) ရက် (ကြာသပတေးနေ့) နံနက် ၁၀:၀၀ နာရီတွင် Hyundai Motor နှင့် Shwe Daehan Motors တို့မှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် Personal Protective Equipment (PPE) များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ Mr. Kim Sun Bal Woo (CEO, Shwe Daehan Motors)၊ Mr. Choi Won Young (Director, Shwe Daehan Motors)၊ Mr. Park Chang Ick (Director of Shwe Daehan Motors) နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးနှင့် ဆေးသုတေသနဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ Mr. Kim Sun Bal Woo (CEO of Shwe Daehan Motors) က Personal Protective Equipment (PPE) များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီးနှင့်အတူ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ USD 44,000 တန်ဘိုးရှိ Personal Protective Equipment (PPE) 2000 set ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပါသည်၊၊

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Hyundai Motor နှင့် Shwe Daehan Motors တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနား အပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြ ပါသည်၊၊


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Anhui Conch Cement Co., Ltd. (Myanmar) မှ Forehead Tharmometers နှင့် COVID-19 RNA Detection Kit (PCR) များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ (၁၃) ရက် နံနက် ၁၀:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Anhui Conch Cement Co., Ltd. (Myanmar) မှ USD 49,700 တန်ဖိုးရှိ Forehead Thermometers နှင့် COVID-19 RNA Detection Kit (PCR) များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu နှင့် Anhui Conch Cement Co., Ltd. (Myanmar) မှ တာဝန်ရှိသူများ၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ စီးပွားရေးသံမှူး Mr. Tan Shufu နှင့် Anhui Conch Cement Co., Ltd. (Myanmar) မှ တာဝန်ရှိသူတို့က ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ USD 49,700 တန်ဖိုးရှိ Forehead Thermometers (100) နှင့် COVID-19 RNA Detection Kit (PCR) (3072) တို့ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ထို့နောက် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Disposable Coverall (Sterilization) နှင့် Coronavirus Nucleic Acid Diagnostic Test Kit များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ (၁၃) ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉:၃၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ USD 2,764,200 တန်ဖိုးရှိ Disposable Coverall (Sterilization) နှင့် Coronavirus Nucleic Acid Diagnostic Test Kit များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai က ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ USD 2,764,200 တန်ဖိုးရှိ Disposable Coverall (sterilization) 18,000 နှင့် Coronavirus Nucleic Acid Diagnostic Test Kit 150,000 ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ထို့နောက် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအပြီးတွင် Media များ ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ KB Kookmin Bank နှင့် BOC/SK တို့မှTesting Kit နှင့်Viral Transport Medium (VTM ) များလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ ၉ ရက် (စနေနေ့) နံနက် ၁၀:၀၀ နာရီတွင် KB Kookmin Bank နှင့် BOC/SK တို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Testing Kit နှင့် Viral Transport Medium (VTM) များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Mr. Kim Chang Woo (Chief Representative of KB Kookmin Bank Yangon)၊ Mr. Kim Young Baek (Managing Director of KB MFI)၊ ဦးအောင်ရွှေ (Chairman of BOC)၊ Mr. Kim Tae Jin (CEO of BOC, General Manager of SK) နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံရုံးနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်၊၊

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ Mr. Kim Chang Woo (Chief Representative of KB Kookmin Bank Yangon) နှင့် Mr. Kim Tae Jin (CEO of BOC, General Managerof SK) တို့က Testing Kit နှင့်Viral Transport Medium (VTM) များလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့်အတူ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Covid-19 Testing Kit နှင့် Viral Transport Medium (VTM) များကို ပေးအပ် လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပါသည်၊၊

ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ KB Kookmin Bank နှင့် BOC/SK တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများစုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁၁:၀၀ နာရီတွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊

ယနေ့ကျင်းပသော လှူဒါန်းပွဲအခမ်းအနားတွင် KB Kookmin Bank မှ US$ 100,000 တန်ဘိုးရှိသည့် Testing Kit 3000 နှင့် Viral Transport Medium (VTM) 3000 ကိုလည်းကောင်း၊ Best Oil Company Ltd. (BOC) နှင့် SK Energy and SK Trading International တို့မှ US$ 48,000 တန်ဘိုးရှိ Testing kits 4000 ကို လည်းကောင်း စုပေါင်းလှူဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။


မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ အလှူငွေများလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ ၇ ရက် (ကြာသပတေးနေ့) နံနက် ၁၁:၀၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျပ် (၂.၂၀၀) သန်းကို ပေးအပ် လှူဒါန်းသည့် အခမ်းအနားအား ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Dr. Nikolay A. LISTOPADOV နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H. E. Dr. Nilolay A. LISTOPADOV က လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ထို့နောက် သံအမတ်ကြီး H.E Dr. Nikolay A. LISTOPADOV နှင့် တာဝန်ရှိသူများက အလှူငွေကျပ် (၂.၂၀၀) သန်းကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ် လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ပါသည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို နံနက် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းပါသည်။ အခမ်းအနား အပြီးတွင် Media များ၏ မေးမြန်း ချက်များကို သံအမတ်ကြီး H. E. Dr. Nikolay A. LISTOPADOV နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က ပြန်လည်ဖြေကြားကြပါသည်၊၊


ဆေးသုတေသနဦးစီးဌာနတွင် COVID-19 Diagnostic Testing ပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေး၏ လမ်းညွှန်ချက်ဖြင့် COVID-19 Diagnostic Testing ကို တိုးချဲ့လုပ်ဆောင်နိုင်ရန် ဆေးသုတေ သနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန ဓါတ်ခွဲခန်း (DMR-AMRC Lab) တွင် ပြင်ဆင်ထားမှု အခြေအနေများကို (၄-၄-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ဝန်ကြီးနှင့် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာန (NHL) မှ COVID-19 Diagnostic လုပ်ဆောင်လျက်ရှိသော Microbiologist များနှင့် ဆေးသုတေသနဦးစီးဌာနမှ သုတေသီများသည် DMR AMRC BSL 2 plus laboratory နှင့် Molecular Laboratory ပြင်ဆင်ထားမှု အခြေအနေ၊ NHL တွင် COVID-19 Lab Testing လက်တွေ့ဆောင်ရွက်နေမှု အခြေအနေ၊ Data Entry, Reporting လုပ်ဆောင်နေမှု အခြေအနေကို ပူးတွဲကြည့်ရှုဆွေးနွေးကြပြီး Diagnostic Testing အတွက် အဆင်သင့် ဖြစ်စေရန် ဆက်လက် ပြင်ဆင်ကြပါသည်။

(၁၂-၄-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ဆေးပညာရှင်အဖွဲ့မှ ဓါတ်ခွဲဆိုင်ရာ ပညာရှင်အဖွဲ့သည် DMR AMRC Laboratory သို့ လာရောက်ကြည့်ရှု၍ COVID-19 Lab Work Flow ပြင်ဆင်ထားမှုကို အကြံပြုခဲ့ပါသည်။ DMR Lab Team နှင့် ယူနန် Lab Team တို့ ပူးတွဲ၍ COVID-19 Lab Testing Training; Laboratory biosafety, Sample Collection procedures, RNA Extraction in BSL2 plus laboratory, Real-time PCR testing, Data interpretation and solving common trouble shooting ကို (၁၈-၄-၂၀၂၀) ရက်နေ့တွင် ပူးတွဲလုပ်ဆောင်ခဲ့ပါသည်။ ဆက်လက်၍ DMR Team သည် NHL မှ ပေးပို့စစ်ဆေးသော Known Covid-19 Positive/Negative Sample များကို External Validation Testing များ ပြုလုပ်ခြင်းကို လုပ်ဆောင်ခဲ့ပါသည်။

ဆေးသုတေသနဦးစီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု ဖြင့် (၂၄-၄-၂၀၂၀) ရက်နေ့မှ စ၍ ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine Center များရှိ စောင့်ကြည့်လူနာများမှ ရယူထားသော Sample များကို COVID-19 Lab Testing စတင် ဆောင်ရွက်နေပါသည်။ ယနေ့ (၆-၅-၂၀၂၀)ရက်နေ့အထိ Sample (၁၀၅၀) ပြုလုပ်ထား ပါသည်။

ဆက်လက်၍ ဆေးရုံများမှ Person under investigation (PUI) cases များနှင့် Quarantine Site sample များကို Diagnostic Testing ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ကူးစက်မြန်ကိုရိုနာအဆုတ်ရောင်ကပ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထုတ်ပြန်ချက်များအပေါ် ပြည်သူလူထုမှလိုက်နာ ဆောင်ရွက်နေမှုအခြေအနေကို လေ့လာသော သုတေသန

 

Unicode (ပြည်ထောင်စု) - https://forms.gle/7LrkhiC5xgu2oqhs7

Zawgyi (ဇော်ဂျီ) - https://forms.gle/DCoqcYW2vQiZE6FK9

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယခု စစ်တမ်းအား ပြုလုပ်ခြင်းဖြစ် ပြီး ပြည်သူလူထု၏ COVID-19 ရောဂါ ကာကွယ်ရေး အပြုအမူများကို သိရှိနိုင်ရန် ရည်ရွယ်ပါသည်။ မေးခွန်းများကိုဖြေဆိုရန် (၅) မိနစ်မှ (၁၀) မိနစ်ခန့် ကြာနိုင်ပါသည်။ အဖြေကို ရွေးပေးရုံဖြစ်ပြီး အချိန်ပေးပြီး စာရိုက် ဖြေရမည့် မေးခွန်းများမပါဝင်ပါ။ အသေးစိတ်သိရှိလိုပါက အောက်ပါ link အတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Unicode (ပြည်ထောင်စု) သို့မဟုတ် ဇော်ဂျီ ဖြင့်ကြိုက်နှစ်သက်ရာ ရွေးချယ် ဖြေဆိုနိုင်ပါသည်။

ဖြေဆိုရန် Link

Unicode (ပြည်ထောင်စု) - https://forms.gle/7LrkhiC5xgu2oqhs7

Zawgyi (ဇော်ဂျီ) - https://forms.gle/DCoqcYW2vQiZE6FK9

***** စာမျက်နှာ (၄) ရှိ နံပါတ် (၁၅) မေးခွန်းတွင် အတန်းတိုင်းရှိ အကြောင်းအရာတိုင်းကို ဖြေကြားပေးရန် လိုအပ်ပါသည်။ အချို့သော မေးခွန်းများတွင် အခြားဟူသော အဖြေ ကို ရွေးချယ်ပါက အခြားဆိုသည်ကို ဖော်ပြ ပေးရန်လိုအပ်ပါသည်။

စစ်တမ်းစတင်ကောက်ယူချိန်မှ တစ်လအတွင်း (၂၀၂၀ ပြည့်နှစ် မေလ ၆ ရက် နေ့မှ ဇွန်လ ၆ ရက်ထိ) ကောက်ယူ သွားမည် ဖြစ်ပါသည်။

ယခုသုတေသနနှင့်ပတ်သက်ပြီး သိရှိလိုသည့်အချက်များရှိပါက (သို့မဟုတ်) စစ်တမ်းဖြေဆိုပြီးချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အကြံပြုချက်များရှိပါက ကျန်းမာရေးစနစ် သုတေသနဌာနခွဲ၊ ဆေးသုတေသနဦးစီးဌာန(ရန်ကုန်ရုံးချုပ်)သို့ e-mail: hsrdmr.ygn@gmail.com သို့ စာဖြင့် ဆက်သွယ်မေးမြန်းနိုင်သကဲ့သို့ တယ်လီဖုန်းနံပါတ် - ၀၁၃၇၅၄၅၇ လိုင်းခွဲနံပါတ် - ၁၁၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Foundation for Peace and Development မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် မေလ ၅ ရက် (အင်္ဂါနေ့) မွန်းလွဲ ၂:၃၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Foundation for Peace and Development မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် RMB 4,259,300 (MMK 854,500,000) တန်ဘိုးရှိ Surgical Mask များ၊ PPE များ၊ Medical Eye Shield များ၊ Non-Contact Infrared Thermometer များ ပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai နှင့်တာဝန်ရှိသူများ၊ ဆေးသုတေသန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ China Foundation for Peace and Development မှ ညွှန်ကြားရေးမှူး Mr. Wen Deshenge နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြပါသည်။

ရှေးဦးစွာ China Foundation for Peace and Development မှ Ms. Wang Fang က မိတ်ဆက်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူး Mr. Wen Desheng က RMB 4,259,300 (MMK 854,500,000) တန်ဘိုးရှိ Sugical Mask ၁,၂၀၀,၀၀၀၊ PPE ၃,၆၀၀၊ Medical Eye Shield ၉၇၀၀၊ Non-Contact Infrared Thermometer ၈၀၀ တို့ကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြပါသည်။ ထို့နောက် စုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနား အပြီးတွင် Media များ ၏ မေးမြန်းချက်များကို တာဝန် ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊