ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်နှင့် ရောဂါဗေဒအထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကင်ဆာ ဆဲလ်များနှင့် ကင်ဆာမျိုးရိုးဗီဇများကို သွေးမှတစ်ဆင့်စစ်ဆေး၍ ဉာဏ်ရည်တုနည်းပညာဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းများဆိုင်ရာ လေ့လာရေးခရီးစဉ်အား ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ(၁၃)ရက်နေ့အထိ တက်ရောက်ခဲ့ပြီး “Pan-Asian Precision Medicine Initiative: Bridging Innovation, Clinical Validation, and Standradization” ခေါင်းစဉ်ဖြင့် ကင်ဆာဆဲလ်များနှင့် ကင်ဆာမျိုးရိုး ဗီဇများကို သွေးမှ တစ်ဆင့် စစ်ဆေး၍ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)ဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းများအကြောင်း လေ့လာခဲ့ကြပါသည်။