THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


June 2019 Events


ဆေးသုတေသနဦးစီးဌာနနှင့် Japan International Cooperation Agency (JICA) Myanmar Office တို့တွေ့ဆုံညှိနှိုင်းဆွေးနွေး

၂၀၁၉ ခုနှစ် ဇွန် ၃ ရက် ညနေ ၄:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာနနှင့် Japan International Cooperation Agency (JICA), Myanmar Office တို့ ညှိနှိုင်းဆွေးနွေးခြင်းကို ဗဟိုဇီဝဆေးပညာစာကြည့် တိုက် အစည်းအဝေးခန်းမ (၁)၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ JICA Myanmar Office မှ Senior Representative Mr. Nobuo IWAI၊ Technical Cooperation Section, Embassy of Japan မှ Representative Mr. Kensaku ICHIKAWA၊ Health care Centre Advisor ဒေါက်တာစုဝေမွန်၊ Senior Program Officer ဒေါ်ကေသွယ်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဦးစီး ဌာနမှ အကြီးအကဲများက JICA မှ စနစ်တကျ တည်ဆောက်ပေးခဲ့သော အဆောက်အဦများအတွက် လိုအပ် လျက်ရှိသည့် အကြီးစားပြင်ဆင်မွမ်းမံမှုများအား ပညာရပ်ဆိုင်ရာ ဂျပန်ကျွမ်းကျင်ပညာရှင်များ၏ အကူအညီ၊ အကြံပြုချက်၊ လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လိုကြောင်း ဆွေးနွေးတင်ပြကြပြီး JICA ကိုယ်စားလှယ် များက ပြန်ကြားချက် ပြုလုပ်ပေးမှာဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။


ဆေးသုတေသနဦးစီးဌာန ဌာနခွဲမှူးအစည်းအဝေးကျင်းပ

၂၀၁၉ ခုနှစ် ဇွန် ၅ ရက် နံနက် ၁၁:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဌာနခွဲမှူးအစည်းအဝေးကို ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ညွှန်ကြားရေးမှူးချုပ်က ဌာနခွဲ များရှိ ဓာတ်ခွဲခန်းစက်ကိရိယာများနှင့် ရုံးသုံးစက်ကိရိယာများအသုံးပြုရာတွင် Log Book များထားရှိရန်ကိစ္စ၊ ရာထူးတိုးမြှင့်ရေးကိစ္စ၊ Future Plan ကိုပြန်လည်သုံးသပ် စစ်ဆေးမည့်ကိစ္စ၊ ဝန်ထမ်းများ Facebook အသုံးပြု ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနကို ထိခိုက်စေမည့် အရေးအသား များမရေးကြရန်ကိစ္စ၊ ဌာနခွဲများအား လှည့်လည်ကြည့်ရှု စစ်ဆေးမည့်ကိစ္စတို့ကို ပြောကြားသွားပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ဆောက်လုပ်ရေးနှင့်တင်ဒါကိစ္စ၊ Imple-mentation Research Grant ကိစ္စ၊ ၂၀၂၁-၂၀၂၆ ငါးနှစ်စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်ထားကြရန်ကိစ္စနှင့် မကြာမီအချိန်တွင် စာရင်းစစ်လာမည်ဖြစ်၍ ငွေစာရင်းရှင်းတမ်းများကို မှန်ကန်တိကျအောင် ပြင်ဆင်ထားကြ ရန်တို့ကို မှာကြားပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူက ဌာနခွဲမှူးများအနေဖြင့် ဌာနတွင်း အပတ်စဉ် အစည်းအဝေးခေါ်ပြီး လိုအပ်ချက်များ၊ အခက်အခဲများကို ကြိုတင် တင်ပြကြစေရန်၊ ERC တင်မည့် Proposal များကို အမှားအယွင်းနည်းအောင် စစ်ဆေးပြီးမှတင်ပြကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာမို့မို့ထွန်းက Myanmar Health Research Registry Website ရှိ Health Research Registry (HRR) တွင် ဆေးသုတေသနဦးစီး ဌာနမှ သုတေသီများ Registry ပြုလုပ်ကြရန် ပြောကြားခဲ့ကြပြီး၊ ဒုတိယညွှန်ကြားရေးမှူး(အုပ်ချုပ်/စီမံ) ဒေါက်တာနီသက်ဦးက ဆေးသုတေသနဦးစီးဌာန (၅၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် စီစဉ်ထားရှိမှုများကို တင်ပြပါသည်။ ထို့နောက် တက်ရောက်လာကြသော ဌာနခွဲမှူးများက သိလို သည်များကို မေးမြန်းတင်ပြကြရာ ဒုတိယညွှန်ကြား ရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ပြန်လည် ရှင်းလင်းဖြေကြားပြီး၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၂၀၁၈-၂၀၁၉) သုတေသနထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ် ဇွန် ၇ ရက် နံနက် ၁၀:၀၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၂၀၁၈-၂၀၁၉) ခုနှစ် သုတေသနထောက်ပံ့ကြေး(MOHS Grant 2018-19) ပေးအပ်ပွဲအခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်၊၊ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော သုတေသီများအား ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာမို့မို့ထွန်းက Myanmar Health Research Registry Website နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်သက်နုဦးက RCR and Research Management one day workshop at DMR နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သုတေသီများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်၊၊ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လို အပ်သည်များကို လမ်းညွှန်မှာကြားပြီး ခွင့်ပြုသုတေသနထောက်ပံ့ကြေး၏ ၅၀% ကို သုတေသီ (၃၇၈) ဦးအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်၊၊ အဆိုပါအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ၊ ဘဏ္ဍာရေးဌာနခွဲမှဝန်ထမ်းများ၊ လက်တွေ့အသုံးချ သုတေသန ထောက်ပံ့ကြေးရရှိကြသည့် သုတေသီများ စုစုပေါင်း(၃၉၅) ဦး တက်ရောက်ခဲ့ကြပါသည်။


ဆေးသုတေသနဦးစီးဌာန (၅၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း

၂၀၁၉ ခုနှစ် ဇွန် ၁၀ ရက် မွန်းလွဲ ၁:၀၀ နာရီတွင်ဆေးသုတေသနဦးစီးဌာန(၅၆)နှစ်မြောက်နှစ်ပတ်လည် နေ့ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက သဘာပတိ အဖြစ်ဆောင်ရွက်၍ ဂုဏ်ပြုအမှာစကားပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူး/ဌာနခွဲမှူးများ၊ သုတေသနမှူးများနှင့် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း အငြိမ်းစားယူသွားသည့် အရာထမ်း၊ အမှုထမ်း များ၊ ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းပြည်ပတွင် ကျင်းပခဲ့သော သုတေသနညီလာခံများနှင့် (၄၇)ကြိမ်မြောက် မြန်မာ နိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွင် ဆုရရှိခဲ့ကြသူများ၊ ဆေးသုတေသနဦးစီးဌာန၊ လူပုဂ္ဂိုလ်များ အပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာကျင့်ဝတ်ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ၂၀၁၈ ခုနှစ် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်ရရှိကြ သည့် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ဝန်ထမ်းများ၊ ၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သော ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ဝန်ထမ်းသား/သမီးများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ကြေး လက်ခံရယူမည့် ဝန်ထမ်းမိဘများနှင့် ကျောင်းသား ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ (၁-၆-၂၀၁၈) မှ (၃၀-၆-၂၀၁၉) တစ်နှစ်တာကာလအတွင်း အသက် (၆၀) နှစ်ပြည့်သည်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားသည့် အရာထမ်း(၅)ဦးနှင့် အမှုထမ်း(၁၁)ဦးတို့အား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အငြိမ်းစားအရာထမ်းများကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်မောင်ထွန်းနှင့် အငြိမ်းစားအမှုထမ်းများကိုယ်စား ဆက်သွယ်ရေး-၃ (ငြိမ်း) ဦးဌေးအောင်တို့က အမှတ်တရ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြပါသည်။ ထို့နောက် အငြိမ်းစားယူသွားသော အရာထမ်း/အမှုထမ်းများနှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြပါသည်။

ဆက်လက်၍ (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွင် ဆုရရှိကြသူ များနှင့် ပြည်တွင်းပြည်ပတွင် ကျင်းပခဲ့သောသုတေသနညီလာခံများတွင် ဆုရရှိခဲ့ကြသူများအား ညွှန်ကြားရေး မှူးချုပ်(ငြိမ်း) ဒေါက်တာပိုင်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာခင်ပြုံးကြည်တို့ကလည်းကောင်း၊ ၂၀၁၈ ခုနှစ်အတွက် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိကြသူများအား ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာကျော်ဇင်သန့်၊ ခေတ္တညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာကျော်မင်းနှင့် ခေတ္တညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမျိုးခင်တို့ကလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းတံဆိပ်ရရှိကြသူများ အား ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲတင့် လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာဝင်းအောင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူတို့ကလည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေး တံဆိပ်ရရှိကြသူများအား ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာအေးကျော်၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မေဦး၊ နှင့် ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာစန်းရွှေတို့ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ် ကော်မတီ(ERC)မှ အတွင်းရေးမှူးအဖွဲ့ဝင်များအား အမှတ်တရဂုဏ်ပြုလက်မှတ်များကို ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာမောင်မောင်တိုးက ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သော ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မှ ဝန်ထမ်းသားသမီးများအား ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြု မှတ်တမ်းလွှာနှင့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဆေးသုတေသနဦးစီး ဌာန(ရုံးချုပ်)မှ ဝန်ထမ်းသား/သမီးများ၏ပညာသင်စရိတ်ထောက်ပံ့ကြေးကို ညွှန်ကြားရေးမှူး (အထွေထွေစီမံ ခန့်ခွဲရေး) ဒေါက်တာတင်ဦးက တက္ကသိုလ်အဆင့်၊ အခြေခံပညာအထက်တန်း၊ အခြေခံပညာအလယ်တန်း၊ အခြေခံပညာမူလတန်း၊ မူလတန်းကြိုများမှ ကျောင်းသားမိဘ ကိုယ်စားလှယ်များအား ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူက ဆေးသုတေသနဦးစီး ဌာန (ပြင်ဦးလွင်ရုံးခွဲ)မှ ဝန်ထမ်းသားသမီးများ၏ ပညာသင်စရိတ်ထောက်ပံ့ကြေးကို ပေးအပ်ချီးမြှင့်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးက လက်ခံရယူခဲ့ပါသည်။ အခမ်းအနားကို ညနေ ၂:၃၀ နာရီတွင်ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား ကော်ဖီ၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။


မြန်မာနိုင်ငံ အလုပ်သင်ဆရာဝန်များ၏ အလုပ်သင်သင်တန်းကာလအပေါ်အမြင်များအားလေ့လာဆန်းစစ်ခြင်း သုတေသနအတွက် တွေ့ဆုံမေးမြန်းမည့်သူများအား သင်တန်းပို့ချခြင်းအခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက် နံနက် ၁၀:၀၀ နာရီတွင် "မြန်မာနိုင်ငံ အလုပ်သင်ဆရာဝန်များ၏ အလုပ်သင် သင်တန်းကာလအပေါ်အမြင်များအား လေ့လာဆန်းစစ်ခြင်း" သုတေသနအတွက် တွေ့ဆုံမေးမြန်းမည့်သူများအား သင်တန်းပို့ချခြင်းအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေး ခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူး(လူမှုဆေး) ဒေါက်တာစောစော တက်ရောက်၍ အဖွင့်မိတ်ဆက် အမှာစကားပြောကြားပါသည်။

အဆိုပါသင်တန်းသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြပြီး ဇွန် ၁၂ ရက်နေ့မှ ၁၄ ရက် နေ့အထိ စာတွေ့သင်ကြားပို့ချခဲ့ပါသည်။ အလုပ်သင်ဆရာဝန်များနှင့်လည်း လက်တွေ့ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ အလုပ်သင်ဆရာဝန်များ၏ ကြီးကြပ်သူနှင့် အသေးစိတ် တွေ့ဆုံမေးမြန်းခြင်းကို လေ့ကျင့်စေခဲ့ပါသည်။


Research Methodology Workshop(2019) သင်တန်းကျင်းပရန်ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကျင်းပုံ

၂၀၁၉ ခုနှစ် ဇွန် ၁၃ ရက် မွန်းလွဲ ၂:၁၅ နာရီတွင် Research Methodology Workshop (2019) သင်တန်းကျင်းပရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေးပညာသုတေသန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း တက် ရောက်၍ အမှာစကားပြောကြားပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့်သူများ၊ Facilitator များ တက်ရောက်ခဲ့ကြပါသည်၊၊ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာမျိုးမျိုးမွန်က Research Methodology Workshop (2019) နှင့်ပတ်သက်၍ အစီအစဉ်မူကြမ်းကို အသေးစိတ်တင်ပြရာ ညွှန်ကြားရေး မှူးချုပ်နှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်၊၊ ထို့နောက် ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ညနေ ၃:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်၊၊


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပ

၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိအဖြစ် ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝင်းမော်ထွန်းက ဆောင်ရွက်ပြီး မိတ်ဆက်အမှာ စကားပြောကြားပါသည်။ အဆိုပါဟောပြောပွဲတွင် ဗိုင်းရပ်စ်ဗေဒသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဝင်းမြတ်က “Asian Intussusceptions Surveillance Network Meeting” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နည်းပညာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမူမူရွှေက “Experiences of Tucson Symposium, Arizona(TS 2018) and 6th Annual Symposium on Global Cancer Research, New York, USA on 12-18 March 2018” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြော တင်ပြကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဝိုင်းဝန်းဆွေးနွေး မေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ အပါအဝင် ဝန်ထမ်း ( ၆၀) ဦး တက် ရောက်ခဲ့ကြပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ

သုတေသနစွမ်းအားမြှင့်တင်ခြင်း (Research Capacity Strengthening) နှင့် ဗဟုသုတမျှဝေခြင်းအစီ အစဉ် (Knowledge Sharing Program ) အရ ပညာရပ်ဆိုင်ရာဟောပြောပွဲအခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ ခုနှစ် ဇွန် ၁၃ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါအခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စန္ဒာလင်းက သဘာပတိအဖြစ်လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာအေးက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ကွန်ပျူတာဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဝါလွင်က “ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Web Mail Services ဖြစ်သည့် https://mail.mohs.gov.mm အသုံးပြုခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးဝါးဗေဒသုတေသနဌာနခွဲမှ သုတေသနလက်ထောက်(၂) ဒေါ်သီရိလှိုင်က “Medicines at Home” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြခဲ့ ကြရာ တက်ရောက်လာသူဝန်ထမ်းများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များက လည်း ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါဟောပြောပွဲသို့ ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ အပါ အဝင် ဝန်ထမ်း(၉၆)ဦး တက်ရောက်ခဲ့ကြပါသည်။


“Review of ‘2014-2018 Facility Assessment for Reproductive Health Commodities and Services’ Research Findings” အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

၂၀၁၉ ခုနှစ် ဇွန် ၁၇ ရက် နံနက် ၉:၀၀ နာရီ တွင် “Review of ‘2014-2018 Facility Assessment for Reproductive Health Commodities and Services’ Research Findings” အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ပြင်ဦးလွင်မြို့ Thuzar Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်(ကိုယ်စား) ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဌာနခွဲနှင့် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲတို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော် ကုသရေးဦးစီးဌာနမှ ကိုယ်စားလှယ် များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ် များ၊ UN နှင့် INGO အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ ကျော်ဦး၊ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ညွှန်ကြားရေးမှူးများ၊ Organizing Committee Members များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၃၅) ဦးတက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိမိခင်နှင့် ကလေးမျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများနှင့် သားဆက်ခြားကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာ စေရန် (၂၀၁၄)ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သောFacility Assessment for Reproductive Health Commodities and Services သုတေသနလုပ်ငန်း၏ တွေ့ရှိချက် များကို လေ့လာသုံးသပ်၍ လိုအပ်ချက်များ၊ ၎င်းတို့ကိုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ပြုပြင်ပြောင်းလဲ ရန် နည်းလမ်းများကို ဆွေးနွေးဖော်ထုတ်ရန်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အချက်အလက်များအပေါ် အခြေခံ၍ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ပြဿနာများအရင်းအမြစ်ကို လေ့လာသုံးသပ်ခြင်းနှင့် အကြုံပြုဆွေးနွေးခြင်း စသည်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့ အထိ (၂)ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။


ကောင်းမွန်သောဓာတ်ခွဲခန်းအလေ့အထများနှင့် ဇီဝလုံခြုံမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ် ဇွန် ၁၇ ရက် နံနက် ၉:၃၀ နာရီတွင် ကောင်းမွန်သောဓာတ်ခွဲခန်းအလေ့အထများနှင့် ဇီဝ လုံခြုံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေး မှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက အဖွင့်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝင်းမော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍တင်ပြပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်သူများစုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ် သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်(ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့်သူများ၊ သင်တန်းကြီးကြပ်သူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား /သင်တန်းသူ (၅၁) ဦး၊ စုစုပေါင်း (၉၅) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်း ကာလမှာ ဇွန် (၁၇)ရက်မှ (၁၉) ရက် အထိ (၃) ရက်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပါသည်။


“Research Methodology Workshop 2019” အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၉ ခုနှစ် ဇွန် ၂၄ ရက် နံနက် ၉:၀၀ နာရီတွင် “Research Methodology Workshop 2019” သင်တန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပါမောက္ခဒေါက်တာ အောင်ခင်တို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(၂)ဦး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ မန္တလေးသူနာပြုတက္ကသိုလ်နှင့် ဆေးဝါးကျွမ်းကျင် တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး(၅)ဦး၊ ဒုတိယညွှန်ကြားရေး မှူး (၁၂)ဦး၊ ဆေးသုတေသနဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ(၅)ဦး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ(၂၁)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ(၂)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ(၂)ဦး၊ ကုသရေးဦးစီးဌာနမှ(၅)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ(၅)ဦး၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း အသီးသီးမှဆရာမ(၁၀)ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ကြပါ သည်။

သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဘွဲ့လွန်သင်တန်း တက်ရောက်နေသူများသည် သုတေသနနည်းပညာကိုအသုံးချ၍ ကျန်းမာရေးသုတေသနလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာရေး ဝန်ထမ်းများ သုတေသနစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် သုတေသနနည်းပညာကိုစနစ်တကျ ပြန်လည်အသုံးချ နိုင်ရန် ရည်ရွယ်ပါသည်။ အဆိုပါသင်တန်းကို ဇွန်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပ

၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိအဖြစ် ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝင်းပပနိုင်က ဆောင်ရွက်ပြီး မိတ်ဆက်အမှာစကား ပြောကြားပါသည်။ အဆိုပါဟောပြောပွဲတွင် ဆေးဘက်ဆိုင်ရာ အဏုမြူသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေး မှူး/ဌာနခွဲမှူး ဒေါက်တာခိုင်မာဇော်က “Strategic Planning Workshop on Maternal, Infant and Young Child Nutrition(MIYCN)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရောဂါပြီးဗေဒသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာဥမ္မာကျော်က “Training Course for Cancer Registry (CanReg 5 software)” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောတင်ပြကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဝိုင်းဝန်း ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ အပါအဝင် ဝန်ထမ်း ( ၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။