THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


April 2020 Events


UNICEF (Myanmar) မှ National COVID-19 Call Centre သို့ ကွန်ပျူတာပစ္စည်းများနှင့် တာဝန်ထမ်းဆောင်သူများအတွက် ကုန်ကျစရိတ်များ လာရောက်လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ ရက် (အင်္ဂါနေ့) မွန်းလွဲ ၂:၃၀ နာရီတွင် UNICEF (Myanmar) မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ဖွင့်လှစ်ထားရှိသည့် National COVID-19 Call Centre သို့ ကျပ်သိန်းနှစ်ရာ့လေးဆယ် (၂၄,၀၀၀,၀၀၀/-) တန်ဖိုးရှိ ကွန်ပျူတာပစ္စည်းများနှင့် တာဝန် ထမ်းဆောင်သူများအတွက် ကုန်ကျစရိတ်များ (For Refreshment) ကို ပေးအပ်လှူဒါန်းသည့် အခမ်းအနားအား ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ UNICEF Representative to Myanmar Ms. June Kunugi နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများနှင့် National COVID-19 Call Centre မှ မိမိစေတနာအလျောက် တာဝန်ထမ်းဆောင်ကြသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ UNICEF Representative to Myanmar Ms. June Kunugi က လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ထို့နောက် UNICEF Representative to Myanmar Ms. June Kunugi နှင့် တာဝန်ရှိသူများက ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Laptop computer (၇) လုံး၊ Headset (၇) ခု၊ External Hard Drive (၁) ခုနှင့် National COVID-19 Call Centre မှ တာဝန် ထမ်းဆောင်သူများအတွက် ကုန်ကျစရိတ်များကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို မွန်းလွဲ ၂:၅၀ နာရီတွင် ရုပ်သိမ်းပါသည်။ အခမ်းအနား အပြီးတွင် UNICEF Representative to Myanmar Ms. June Kunugi နှင့်အဖွဲ့သည် National COVID-19 Call Centre သို့ သွားရောက်၍ စေတနာ့ဝန်ထမ်းဆရာဝန်များ၏ ဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုကြပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Shinhan Financial Group in Myanmar မှ Covid-19 Test Kits များနှင့် PPE များလှူဒါန်းခြင်း

Shinhan Financial Group in Myanmar မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Covid-19 Test Kits for 10,000 Persons နှင့် Personal Protective Equipment (PPE) 300 Set များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် အခမ်းအနားကို ၂၅-၄-၂၀၂၀ (စနေနေ့) နံနက် ၁း၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ Shinhan Financial Group in Myanmar မှ Mr. Kang Hyung Hun (CEO, Shinhan Bank- Yangon Branch)၊ Mr. Koo Jeong Mo (MD, Shinhan Microfinance)၊ Mr. Shin Seong Wook (Head of Shinhan Card Representative Office) နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊

ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa က ဂုဏ်ပြု အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ Shinhan Financial Group in Myanmar မှ Mr. Kang Hyung Hun (CEO, Shinhan Bank- Yangon Branch) က Covid-19 Diagnostic Reagents များ လှူဒါန်းရသည့် ရည်ရွယ်ချက်များ ကို ပြောကြားပါသည်၊၊ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့် Shinhan Financial Group in Myanmar မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Covid-19 Test Kit များနှင့် PPE များကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပါသည်၊၊

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Shinhan Financial Group in Myanmar မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁း၄၅ နာရီတွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနား အပြီးတွင် ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူး သုတေသနဓာတ်ခွဲခန်း၌ Covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပါသည်၊၊ ထို့နောက် Media များ၏ မေးမြန်း ချက်များကို တာဝန် ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Trillion Ocean Co., Ltd. (Su Pan Htwar Manufacturing Co., Ltd.) မှ PPE၊ Face Mask နှင့် Safety Goggles များ လှူဒါန်းခြင်း

Trillion Ocean Co., Ltd. (Su Pan Htwar Manufacturing Co., Ltd.) မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျပ် (၃၀၂.၅) သန်း တန်ဘိုးရှိ တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးပစ္စည်း (PPE)၊ Face Mask နှင့် Safety Goggles များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် အခမ်းအနားကို ၂၄-၄-၂၀၂၀ ရက် (သောကြာနေ့) နံနက် ၁၁:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Trillion Ocean Co., Ltd. (Su Pan Htwar Manufacturing Co., Ltd.) မှ Managing Director ဦးအောင်ဝင်းနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊ ပထမဦးစွာ Trillion Ocean Co., Ltd. (Su Pan Htwar Manufacturing Co., Ltd.) မှ Managing Director ဦးအောင်ဝင်းက တစ်ကိုယ်ရေရောဂါကာကွယ်ရေးပစ္စည်း (PPE)၊ Face Mask နှင့် Safety Goggles များကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ပါသည်၊၊ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို မွန်းတည့် ၁၂:၀၀ နာရီတွင် ရုတ်သိမ်းပါသည်၊၊


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ WHO Country Office, Myanmar မှ Hydroxychloroquine ဆေးပြားများ လှူဒါန်းခြင်း

WHO Country Office, Myanmar မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် US$ 25,000 တန်ဘိုးရှိသည့် Hydroxychloroquine ဆေးပြား ၁၈၀,၀၀၀ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် အခမ်းအနားကို ၂၀-၄-၂၀၂၀ (တနင်္လာနေ့) မွန်းလွဲ ၂း၀၀ နာရီတွင် ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ WHO Representative to Myanmar Dr. Stephan Paul Jost၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဗဟိုဆေးသိုလှောင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်သီတာအေး၊ WHO နှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊

ပထမဦးစွာ WHO Representative to Myanmar Dr. Stephan Paul Jost က လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပါသည်၊၊ ထို့နောက် WHO Representative to Myanmar Dr. Stephan Paul Jost က ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Hydroxychloroquine ဆေးပြားများ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်၊၊ အခမ်းအနားကို မွန်းလွဲ ၂း၃၀ နာရီတွင် ရုတ်သိမ်းပါသည်၊၊


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ POSCO International Myanmar မှ Covid-19 Diagnostic Reagents များ လှူဒါန်းခြင်း

POSCO International Myanmar မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Covid-19 Diagnostic Reagents များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် အခမ်းအနားကို ၁၈-၄-၂၀၂၀ (စနေနေ့) နံနက် ၁း၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Song Hwa Lee၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ POSCO International Myanmar မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Song Hoon Lee နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်၊၊ ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Song Hwa Lee က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ POSCO International Myanmar မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Song Hoon Lee က Covid-19 Diagnostic Reagents များ လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ပြောကြားပါသည်၊၊ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့် POSCO International Myanmar မှ ဦးဆောင် ညွှန်ကြားရေးမှူးတို့မှ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Covid-19 Diagnostic Reagents များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ် ပါသည်၊၊ ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ POSCO International Myanmar မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁း၃၀ နာရီတွင် ရုတ်သိမ်းပါသည်၊၊


National COVID-19 Call Centre

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တွင် ၄-၄-၂၀၂၀ ရက်နေ့၌ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် COVID-19 Call Centre ပြုလုပ်ရန်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး National COVID-19 Call Centre ကို ဆေးသုတေသနဦးစီးဌာန က 9-4-2020 ရက်နေ့ မှ စတင် အကောင်အထည်ဖေါ်လျက် ရှိပါသည်။

ဆေးသုတေသနဦးစီးဌာနက ဆန္ဒအလျောက်တာဝန်ယူဆောင်ရွက်သူ ဆရာဝန် (၄၅) ဦးနှင့် မြန်မာနိုင်ငံဆရာဝန် အသင်းက စေတနာ့ဝန်ထမ်း ဆရာဝန် (၁၉) ဦးတို့က စုစုပေါင်း အဖွဲ့ငယ် ၈-ခု ဖြင့် နေ့စဥ်နံနက် ၈-နာရီမှ နေ့လည် ၂-နာရီ အထိ နှင့် နေ့လည် ၂-နာရီမှ ည ၈-နာရီထိ တာဝန်ချိန် (၂) ပိုင်းခွဲ၍ ဖြေကြားပေးလျှက်ရှိပါသည်။ တာဝန်ချိန် တစ်ပိုင်းစီတွင် ကြီးကြပ်သူ အပါအဝင် ဆရာဝန် ၈-ဦးက တာဝန်ယူဖြေကြားပေးနေပါသည်။ ၄င်းဆရာဝန်များအား တာဝန်ချထားခြင်းမပြုမီ Call Centre နည်းပညာဆိုင်ရာ အကြောင်းအရာများ၊ လူထုနှင့်ဆက်သွယ် ဆောင်ရွက်ခြင်းနည်းလမ်းများ၊ လူထုကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းဆိုင်ရာအကြောင်းအရာများ နှင့် COVID-19 ရောဂါဆိုင်ရာ အကြောင်းအရာ များကို ၆-၄-၂၀၂၀ မှ ၈-၄-၂၀၂၀ ရက်နေ့ထိ သင်တန်း(၃) ရက် ပို့ချခဲ့ပါသည်။

သင်တန်းတွင် လူထုနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းနည်းလမ်းများကို ဒေါက်တာသန်းထွန်းစိန်၊ ညွှန်ကြားရေးမှူး (ငြိမ်း)၊ ဆေးသုတေသနဦးစီးဌာနက လည်းကောင်း၊ Call Centre နည်းပညာပိုင်း ကို ဦးထွန်းထွန်းနိုင်၊ CEO၊ Blue Ocean Investment Limited က လည်းကောင်း၊ လူထုကျန်းမာရေး အသိပညာမြှင့်တင်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က လည်းကောင်း အသီးသီး ဆွေးနွေးပို့ချပေးခဲ့ပါသည်။

ထိုသို့ National COVID-19 Call Centre အကောင်အထည်ဖေါ်နိုင်ရန် Call Centre ဆိုင်ရာ နည်းပညာများကို Blue Ocean Investment Limited က လည်းကောင်း၊ မေးမြန်းလိုသူများ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT, Telenor, Oredoo, Mytel တို့ကလည်းကောင်း အခမဲ့ဝန်ဆောင်မှု ပေးခဲ့ကြပါသည်။ လိုအပ်သော ကွန်ပျူတာများ နှင့် ဆက်စပ်ပစ္စည်းများ၊ တာဝန်ကျသူများအား ကျွေးမွေးစရိတ် တို့ကို UNICEF အဖွဲ့မှ ကူညီပံ့ပိုးခဲ့ပါသည်။

COVID-19 Call Centre လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆေးသုတေသနဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာလှိုင်မြတ်သူ၊ ဒေါက်တာဇော်မြင့် တို့၏ ဦးဆောင်မှုဖြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာခင်စောအေး က အနီးကပ် ကြီးကြပ်ပြီး၊ သုတေသီများက Operating Manual ပြုစုကာ နေ့စဥ်ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ စာရင်းဇယားများ အရ ၁၂-၄-၂၀၂၀ ရက် နေ့တွင် ဖုန်းခေါ်ဆိုမှုပေါင်း ၂၀၀,၀၀၀ ခန့် ကို Call Centre က ဖြေကြား ပေးခဲ့ပါသည်။