THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


June 2020 Events


Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Lwin and Swan Trading Co., Ltd မှ UV Disinfection Lamp များလာရောက်လှူဒါန်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက် (အင်္ဂါနေ့) နံနက် ၁၀:၃၀ နာရီတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Lwin and Swan Trading Co., Ltd မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ UV Disinfection Lamp များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ပါမောက္ခ ဒေါက်တာညွှန့်သိန်း၊ အလှူရှင် Lwin and Swan Trading Co., Ltd မှ Managing Director ဦးစိုးစိုးလွင်နှင့် မိသားစုများ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ Lwin and Swan Trading Co., Ltd မှ Managing Director ဦးစိုးစိုးလွင်က UV Disinfection Lamp များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပါမောက္ခဒေါက်တာညွှန့်သိန်းက မုဒိတာ စကား ပြောကြားပါသည်။ ထို့နောက် ပါမောက္ခဒေါက်တာညွှန့်သိန်းနှင့်အတူ အလှူရှင် Lwin and Swan Trading Co., Ltd မှ Managing Director ဦးစိုးစိုးလွင်နှင့် မိသားစုများက ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ UV Disinfection Lamp များကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။

ယနေ့ကျင်းပသော လှူဒါန်းပွဲအခမ်းအနားတွင် Lwin and Swan Trading Co., Ltd မှ ကျပ်နှစ်ဆယ်သိန်းငါးသောင်း တန်ဘိုးရှိသည့် UV Disinfection Lamp Commercial Type 65 Watt (၁၀) လုံး၊ Commercial Type 100 Watt (၁၀) လုံးနှင့် Household Type 65 Watt (၃) လုံးတို့ကို လှူဒါန်းပါသည်။


“Blue Ocean Investment Limited”အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဆေးသုတေသန ဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့် National COVID-19 Call Centre အတွက် Fully Architecture & System Solution များ၊ Server များနှင့် Operation လုပ်ငန်းများအား ကူညီဆောင်ရွက် လှူဒါန်းပေးခဲ့သော “Blue Ocean Investment Limited” အား ဂုဏ်ပြု ချီးမြှင့်သည့်အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက် မွန်းလွဲ ၃:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ရှိ National COVID-19 Call Centre ၌ ကျင်းပ ပါသည်။

အဆိုပါအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ Blue Ocean Investment Limited မှ CEO ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ Blue Ocean Investment Limited မှ CEO ဦးထွန်းထွန်းနိုင်က အမှတ်တရလက်ဆောင်ပစ္စည်းများကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းအား ပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများက လက်ခံရယူပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများအား အလှူငွေနှင့် “ရဲရင့်ခြင်းအတွက်ချစ်ခြင်းလက်ဆောင်” ပန်းစည်းများ ပေးအပ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက် နံနက် ၁၀:၀၀ နာရီတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများအတွက် Royal Myanmar Tea Mix က အလှူငွေနှင့် “ရဲရင့်ခြင်းအတွက် ချစ်ခြင်းလက်ဆောင်” ပန်းစည်းများ ပေးအပ်ခြင်းအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင် Royal Myanmar Tea Mix မှ ဒါရိုက်တာ ဒေါ်ကေသီဆွေနှင့် တာဝန်ရှိသူများ၊ သရုပ်ဆောင် ပိုင်တံခွန်နှင့် မော်ဒယ် Sinon Loresca တို့ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး COVID-19 ရောဂါပိုး သယ်ဆောင် ထားနိုင်ခြေရှိသော Quarantine site များတွင် ထားရှိသူများထံ ရက်ပေါင်း (၆၀) ခန့် နေ့စဉ်ရက်ဆက် သွားရောက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများ ယူဆောင် ပေးသော ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) နှင့် (ပြင်ဦးလွင်ရုံးခွဲ) တို့မှ Mobile Swab Collection Team ဝန်ထမ်းများ၊ COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်မှု ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများ၊ National COVID-19 Call Centre မှ ဝန်ထမ်း များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများအား Royal Myanmar Tea Mix ကိုယ်စား သရုပ်ဆောင်ပိုင်တံခွန်က “ရဲရင့်ခြင်းအတွက် ချစ်ခြင်းလက်ဆောင်” ပန်းစည်း များကို ပေးအပ်ပါသည်။ ထို့နောက် Royal Myanmar Tea Mix မှ ဒါရိုက်တာ ဒေါ်ကေသီဆွေက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသော ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများအတွက် အလှူငွေ ကျပ် ၃,၀၀၀,၀၀၀/- (ကျပ်သိန်းသုံးဆယ်တိတိ) ကို ပေးအပ်လှူဒါန်းရာ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်တို့က လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်း လွှာကို ပြန်လည်ပေးအပ်ပါသည်။ ဆက်လက်၍ Royal Myanmar Tea Mix ကိုယ်စား သရုပ်ဆောင်ပိုင်တံခွန်က ကျေးဇူးတင်စကား ပြောကြားပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပါသည်။

ယနေ့ပြုလုပ်သော လှူဒါန်းပွဲအခမ်းအနားတွင် Royal Myanmar Tea Mix မှ ကျပ်သုံးဆယ့်သုံးသိန်းတစ်သောင်းငါးထောင်တန်ဘိုးရှိ “ရဲရင့်ခြင်းအတွက် ချစ်ခြင်း လက်ဆောင်” Royal Myanmar Tea Mix ပန်းစည်း (၁၀၀)၊ Royal Myanmar Tea Mix (၅) ပုံး၊ National COVID-19 Call Centre နှင့် Molecular Laboratory Team တို့တွင် တာဝန်ထမ်းဆောင် နေသူများအတွက် တစ်နေ့တာ အကျွေးအမွေးစရိတ်နှင့် ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများအတွက် အလှူငွေ ကျပ်သိန်းသုံးဆယ်တို့ကို လှူဒါန်းပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန National COVID-19 Call Centre အတွက် Broadband Internet တစ်နှစ်စာအခမဲ့သုံးစွဲခွင့်ကို လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၉ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားသော ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန National COVID-19 Call Centre အတွက် Broadband Internet တစ်နှစ်စာ အခမဲ့သုံးစွဲခွင့် ပေးအပ်လှူဒါန်းပွဲကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) National COVID-19 Call Centre ၌ ကျင်းပပြုလုပ် ပါသည်။ ရှေးဦးစွာ Global Technology Co., Ltd. (5BB Broadband) မှ General Manager၊ ဦးမျိုးမြင့်ညွှန့်က Broadband Internet တစ်နှစ်စာအခမဲ့သုံးစွဲခွင့်ကို ပေးအပ် လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် Call Centre တွင် တာဝန်ထမ်းဆောင်နေသူများက လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာခင်ပြုံးကြည်နှင့်အဖွဲ့ အလှူငွေများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့ (ကြာသပတေးနေ့) မွန်းလွဲ ၂:၃၀ နာရီတွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု သောအားဖြင့် ဒေါက်တာခင်ပြုံးကြည်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဆောင်သော ဆေးသုတေသနဦးစီးဌာန အငြိမ်းစားအရာထမ်းများက အလှူငွေကျပ် ၈,၅၀၀,၀၀၀/- (ကျပ် ရှစ်ဆယ့်ငါးသိန်းတိတိ) ကို လာရောက်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်း လွှာကို ပြန်လည်ပေးအပ်ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ ခေတ်သစ်ဖောင်ဒေးရှင်းမှ ဆေးဝါးနှင့်အထောက်အကူပစ္စည်းများလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၈ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁:၀၀ နာရီတွင် ခေတ်သစ် ဖောင်ဒေးရှင်းမှ ဒေါက်တာချစ်သုဝေဦးဆောင်သောအဖွဲ့သည် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပစ္စည်းများဖြစ်သော Face Shield ၂၀၀၊ PPE ၁၀၀ နှင့် Ferrovit ၇၂၀ ဘူးတို့ကို လာရောက်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံ ရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ အခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Zeya & Associates Co., Ltd မှ အလှူငွေများ လှူဒါန်းခြင်း

Zeya & Associates Co., Ltd မှ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် အလှူငွေ ကျပ် ၄,၅၀၀,၀၀၀/-(ကျပ်လေးဆယ့်ငါးသိန်းတိတိ) ကို လှူဒါန်းသည့် အခမ်းအနားအား ၂၀၂၀ ခုနှစ် ဇွန်လ ၁၅ ရက် (တနင်္လာနေ့) မွန်းလွဲ ၂:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူး(အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာ တင်ဦး၊ Zeya & Associates Co., Ltd မှ ဒေါ်ခိုင်ခိုင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ Zeya & Associates Co., Ltd မှ ဒေါ်ခိုင်ခိုင်မြင့်နှင့် တာဝန်ရှိသူများက အလှူငွေ ကျပ်လေးဆယ့်ငါးသိန်းတိတိကို ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း ထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် စိန်ပေါလ်ကျောင်းသားဟောင်းများ (Senior Old Paulians) က အလှူငွေများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၃၀ နာရီတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ အတွက် စိန်ပေါလ်ကျောင်းသားဟောင်းများ (Senior Old Paulians) က အလှူငွေများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာပိုင်စိုး အမှူးပြုသော စိန်ပေါလ်ကျောင်းသားဟောင်းများ (Senior Old Paulians) တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် အလှူရှင်များ ကိုယ်စား စိန်ပေါလ်ကျောင်းသားဟောင်း (Senior Old Paulian) တစ်ဦးဖြစ်သူ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မင်းက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာပိုင်စိုး၊ စိန်ပေါ ကျောင်းသားဟောင်းများ အသင်းဥက္က္ဌ ဦးနေအုပ် (စိန်ပေါလ်) နှင့် ကျောင်းသား ဟောင်းများက ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အလှူငွေ ကျပ်သိန်းသုံးဆယ်နှင့်နှစ်သောင်း (၃,၀၂၀,၀၀ိ/) ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ ထိုနောက် Mediaများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြ ပါသည်။ အခမ်းအနားအပြီးတွင် အလှူရှင်စိန်ပေါလ်ကျောင်းသားဟောင်းများ (Senior Old Paulians) သည် ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဓာတ်ခွဲခန်း၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာ ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူနှင့် ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်တို့က COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ ရွှေဆည်တော် (999) ကုမ္ပဏီနှင့် Lactasoy Co., တို့မှ လက်တာဆွိုင်းပဲနို့ရည်ဘူးများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက် (အင်္ဂါနေ့) မွန်းလွဲ ၂:၀၀ နာရီတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန National COVID-19 Call Centre နှင့် Laboratory Team တို့မှ ကျန်းမာရေးဝန်ထမ်းများအတွက် ရွှေဆည်တော် (999) ကုမ္ပဏီနှင့် Lactasoy Co., တို့မှ ဦးအောင်ငွေ၊ ဦးယဉ်အောင်လွင်တို့ ဦးဆောင်သောအဖွဲ့က ကျပ် ခြောက်သိန်း (၆၀၀,၀၀ိ/) တန်ဘိုးရှိ Lactasoy Light plus collagen (250ml) ဘူး (၁၈၀၀) ကို လာရောက်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးတို့က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ ဆရာတော် ဦးစိတ္တရ (ဇင်ဝေသော်) အမှူးထား၍ မုဒိတာ ပရဟိတအဖွဲ့မှ အလှုငွေများလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ၉ရက် (အင်္ဂါနေ့) မွန်းလွဲ ၁:၀၀ နာရီတွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသော အားဖြင့် ဆရာတော်ဦးစိတ္တရ (ဇင်ဝေသော်) အမှူးထား၍ မုဒိတာပရဟိတအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ် တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀ိ/-) ကို သင်္ဃန်းကျွန်း၊ အသောကသီရဂူ ကျောင်းတိုက်မှ ဆရာတော် ဦးသိရိဒတ္တလင်္ကာရ (ဒွိပိဋကဓရ) ဦးဆောင်သော ဆရာတော်များက ပေးအပ်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများက လက်ခံ ရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Irrawaddy Green Towers Ltd. & Share Holder များမှ 200 KVA Diesel Generator နှင့် အလှူငွေများလှူဒါန်းခြင်း

Irrawaddy Green Towers Ltd. & Share Holder များမှ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ အသုံးပြုရန် ကျပ် (၄၀.၈၃၅၄) သန်းတန်ဘိုးရှိ 200 KVA Diesel Generator (USA), Auto Transfer System and Generator equipment များ၊ National COVID-19 Call Centre & Laboratory Team တို့မှ ကျန်းမာရေးဝန်ထမ်းများအတွက် အစားအစာနှင့် အထွေထွေကုန်ကျစရိတ် အလှူငွေကျပ် (၁.၅၀၀) သန်းတိတိကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ လှူဒါန်းသည့် အခမ်းအနားအား ၉-၆-၂၀၂၀ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ Irrawaddy Green Towers Ltd. မှ CEO Mr. David Venn နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ Media များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး Irrawaddy Green Towers Ltd. မှ CEO Mr. David Venn က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် Irrawaddy Green Towers Ltd. မှ CEO Mr. David Venn နှင့် တာဝန်ရှိသူများက 200 KVA Diesel Generator နှင့် အလှူငွေများကို ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင် ရုတ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပါသည်။ ထို့နောက် အလှူရှင် Mr. David Venn နှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ Media များသည် ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူးသုတေသန ဓာတ်ခွဲခန်း၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာကြပြီး Mr. David Venn သည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ မြတ်ကုသိုလ်ပရဟိတအဖွဲ့ မှ Face Mask နှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက် (တနင်္လာနေ့) မွန်းလွဲ ၃:၄၀ နာရီတွင် မြတ်ကုသိုလ် ပရဟိတအဖွဲ့ မှ ဒေါ်မေပုလဲ (မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ) ဦးဆောင်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသော အားဖြင့် ခန့်မှန်းကျသင့်ငွေ ကျပ်သုံးသိန်း (၃၀၀,၀၀ိ/-) တန်ဘိုးရှိ Face Mask (၂၅၀) ခုနှင့် စားသောက်ကုန်အမျိုးမျိုးကို လာရောက်ပေးအပ်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများက လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Seasons Bakery & Caf' Myanmar မှ My Hero Bun များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ်ဇွန်လ ၅ ရက်(သောကြာနေ့) နံနက် ၁၁း၀၀ နာရီတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ National COVID-19 Call Centre နှင့် Laboratory Team တို့မှ ကျန်းမာရေးဝန်ထမ်းများအတွက် Seasons Bakery & Café Myanmar မှ My Hero Bun (၁၀၀) ကို လာရောက်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အထက (၁) လမ်းမတော် (စိန့်ဂျွန်း) ကျောင်းသားဟောင်းများ (၁၉၇၉ ခုနှစ်) မိသားစုက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက် (အင်္ဂါနေ့) မွန်းလွဲ ၂:၀၀ နာရီတွင် အထက (၁) လမ်းမတော် (စိန့်ဂျွန်း) ကျောင်းသားဟောင်းများ (၁၉၇၉ခုနှစ်) မိသားစုက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနရှိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နေကြသော ဝန်ထမ်းများကို ဂုဏ်ပြုသော အားဖြင့် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ အထက (၁) လမ်းမတော် (စိန့်ဂျွန်း) ကျောင်းသား ဟောင်းများ (၁၉၇၉ ခုနှစ်) မိသားစုတို့ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်က ဆေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ် နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အထက (၁) လမ်းမတော် (စိန့်ဂျွန်း) (၁၉၇၉ခုနှစ်) ကျောင်းသားဟောင်းများကိုယ်စား ဦးကြည်လွင်နှင့် ဦးသန်းနိုင်တို့က လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံ အလှူငွေ ရှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းကျပ်ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်၊၊

ဆက်လက်ပြီး အလှူငွေ ကျပ်သုံးသိန်း လှူဒါန်းသည့် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး ဒေါ်ဝါဝါသင်းတို့ ကိုယ်စား ဦးသိန်းလွင်က လည်းကောင်း၊ အလှူငွေ ကျပ်ခုနှစ်သိန်းငါးသောင်းကို ဦးကြည်လွင်နှင့် ဇနီး ဒေါ်သီသီဆန်း (ထွန်းမြတ်သူအင်တာနေရှင်နယ် ကုမ္ပဏီလီမီတက်) ကလည်းကောင်း ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်လှူဒါန်းကြရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်၊၊

ထို့နောက် အထက (၁) လမ်းမတော် (စိန့်ဂျွန်း) (၁၉၇၉ခုနှစ်) ကျောင်းသားဟောင်းများ နှင့် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး ပြီး အခမ်းအနားကို မွန်းလွဲ ၃:၁၅ နာရီတွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပါသည်၊၊