THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


September 2020 Events


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေ ကျပ်သိန်းတစ်ရာ လာရောက်လှူဒါန်း

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ကြိုးပမ်းဆောင်ရွက် နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် အလှူငွေ ကျပ်သိန်းတစ်ရာ တိတိလှူဒါန်းသည့် အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) မွန်းလွဲ ၃:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း၊ အလှူရှင် ဒီဇိုင်နာ ဆုရည်ပွင့်နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်၊၊ ရှေးဦးစွာ အလှူရှင် ဒီဇိုင်နာ ဆုရည်ပွင့်က မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေ ကျပ်သိန်းတစ်ရာ လာရောက် လှူဒါန်းရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ အလှူငွေ ကျပ်သိန်းတစ်ရာတိတိကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာ လှိုင်မြတ်သူနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်တို့က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။


နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းမိသားစုတို့က ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက် နံနက် ၁၀:၀၀ နာရီတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မိုးကုတ်ဆွမ်းစားကျောင်းတွင် ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဇောတိကနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ငါးပါးသီလကို ခံယူဆောက်တည် ကြပြီးနောက် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်ဟိန်းနှင့် ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦးတို့က လှူဖွယ် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းကြပါသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းမိသားစု များ၏ ဆွမ်းအလှူတော်ငွေ ကျပ်ခြောက်သိန်းကို ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ဟိန်းနှင့် ညွှန်ကြားရေးမှူးဒေါက်တာတင်ဦးတို့က ပေးအပ်လှူဒါန်းရာ ကပ္ပိရကာရကအဖြစ် သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်သန်းက လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ် ပါသည်။ ဆက်လက်၍ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ တူရကီသမ္မတနိုင်ငံ သံရုံးမှ အမေရိကန်ဒေါ်လာ ၅၅,၀၀၀ တန်ဘိုးရှိ အထောက်အကူပစ္စည်း (၁၆) မျိုး လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက် နံနက် ၁၀:၃၀ နာရီတွင် မြန်မာနိုင်ငံ ဆိုင်ရာ တူရကီသမ္မတနိုင်ငံသံရုံးမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အမေရိကန်ဒေါ်လာ ၅၅,၀၀၀ တန်ဘိုးရှိ အထောက်အကူပစ္စည်း (၁၆) မျိုးကို ပေးအပ်လှူဒါန်းသည့် အခမ်းအနား အား ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တူရကီ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Kerem Divanlioglu နှင့် TIKA မှ တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း နှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ သံအမတ်ကြီး Mr. Kerem Divanlioglu က လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ Turkish Cooperation and Coordination Agency (TIKA) မှ Program Coordinator, Mr. Fahri Burak AYDOGDA နှင့် ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူတို့သည် အမေရိကန်ဒေါ်လာ ၅၅,၀၀၀ တန်ဘိုးရှိ အထောက် အကူပစ္စည်း (၁၆) မျိုး ပေးအပ်လှူဒါန်းသည့် စာချွှန်လွှာအား အပြန်အလှန် လက်မှတ်ရေးထိုး၍ လဲလှယ်ကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တူရကီ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Kerem Divanlioglu က အမေရိကန်ဒေါ်လာ ၅၅,၀၀၀ တန်ဘိုးရှိ အထောက်အကူပစ္စည်း (၁၆) မျိုးကို ပေးအပ်လှူဒါန်းရာ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို နံနက် ၁၁:၀၀ နာရီ တွင် ရုတ်သိမ်းပါသည်။ အခမ်းအနား အပြီးတွင် Media များ၏ မေးမြန်းချက်များကို သံအမတ်ကြီးနှင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း တို့က ပြန်လည်ဖြေကြားကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာကနေဒါနိုင်ငံသံရုံးမှ N-95 Mask များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက် နံနက် ၁၀:၃၀ နာရီတွင် မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကနေဒီယမ်ဒေါ်လာ (၄၈၉,၉၃၄) တန်ဖိုးရှိ N-95 Mask (၇၀,၀၀၀) ကို ပေးအပ်လှူဒါန်းသည့် အခမ်းအနားအား ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာသံမှူး မစ္စဂျနီဖာဟာတ့် နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ မစ္စဂျနီဖာဟာတ့်က လှူဒါန်းရသည့် ရည်ရွယ်ချက် ကို ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာသံမှူး မစ္စဂျနီဖာဟာတ့်က ကနေဒီယမ်ဒေါ်လာ (၄၈၉၉၃၄) တန်ဖိုးရှိ N-95 Mask (၇၀,၀၀၀) ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်း လွှာကို ပြန်လည်ပေးအပ်ပါသည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြပြီး အခမ်းအနားကို နံနက် ၁၁:၀၀ နာရီတွင် ရုတ်သိမ်းပါသည်။ အခမ်းအနား အပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာသံမှူး မစ္စဂျနီဖာဟာတ့်သည် ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူးသုတေသန ဌာန (Advanced Molecular Research Centre) သို့ သွားရောက်ကာ မော်လီကျူး နည်းပညာ အသုံးချဌာနခွဲနှင့် ဇီဝသတင်းအချက်အလက် နည်းပညာဌာနခွဲတို့က COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာမှု ပြုလုပ်ခြင်းကို လှည့်လည်ကြည့်ရှုရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Terumo Singapore Pte., Ltd (Yangon Branch) မှ USD 5000 လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၃:၀၀ နာရီတွင် Terumo Singapore Pte., Ltd (Yangon Branch) မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် USD 5,000 တန်ဖိုးရှိ Terumo Infusion Pump များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Terumo Singapore Pte., Ltd (Yangon Branch) မှ အရောင်းနှင့်စျေးကွက်မြှင့်တင်ရေး မန်နေဂျာ ဒေါက်တာနေမြတ်ထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် Terumo Singapore Pte., Ltd (Yangon Branch) မှ အရောင်းနှင့် စျေးကွက်မြှင့်တင်ရေးမန်နေဂျာ ဒေါက်တာနေမြတ်ထွဋ်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေး မှူးချုပ်ထံ အလှူငွေ USD 5,000 ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။