THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


October 2020 Events


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ Antigen Test Kit များ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ရက် (စနေနေ့) နံနက် ၁၀:၀၀ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Antigen Test Kit များ လွှဲပြောင်းပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Lee Sang Hwa၊ KOICA Myanmar Office မှ Chief Representative, Ms. LEE Youn Soo နှင့် Deputy Representative, Ms. Hwang Sulim၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Lee Sang Hwa က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူး တင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားပါသည်၊၊ ထို့နောက် ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး H. E. Mr. Lee Sang Hwa နှင့် KOICA Myanmar Office မှ Chief Representative, Ms. LEE Youn Soo တို့က Korea International Cooperation Agency (KOICA) လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ငါးသိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Antigen Test Kit (၉၅၀၀၀) ကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ပြည်ထောင်စု ဝန်ကြီး၏ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ပါသည်၊၊ အခမ်းအနားအပြီး တွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြ ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ ALBA (Asia Language and Business Academy) မှ ကျပ်သိန်းငါးဆယ်တန်ဖိုးရှိ 3M N95 1860 Mask များ လှူဒါန်းခြင်း

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ALBA (Asia Language and Business Academy) က Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများ အသုံးပြုရန်အတွက် ကျပ်သိန်းငါးဆယ်တန်ဖိုးရှိ 3M N95 1860 Mask များ လှူဒါန်းသည့် အခမ်းအနားအား ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) မွန်းတည့် ၁၂:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပ ရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးနှင့် ALBA မှ အလှူရှင်များ တက်ရောက်ကြပါသည်၊၊ ရှေးဦးစွာ ALBA မှ အလှူရှင်များက ကျပ်သိန်းငါးဆယ်တန်ဖိုးရှိ 3M N95 1860 Mask အခု (၁၃၂၀) ကို ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ POSCO International Corporation မှ COVID-19 RT-PCR Test Kits နှင့် Antigen Test Kits များလှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက် (အင်္ဂါနေ့) နံနက် ၁၁:၀၀ နာရီတွင် POSCO International Corporation မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် COVID-19 RT-PCR Test Kits နှင့် Antigen Test Kits များ ပေးအပ်လှူဒါန်း သည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Minister, Mr. Hahm Jeonghan နှင့် တာဝန်ရှိသူများ၊ POSCO International Myanmar E & P မှ Managing Director, Mr. Lee Jung Hwan နှင့် တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သာကေတ ကမ်းလွန်ရေနံအခြေစိုက်စခန်းမှ အထွေထွေမန်နေဂျာ ဦးတင်ထွန်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Minister, Mr. Hahm Jeonghan က အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ POSCO International Myanmar E & P မှ Managing Director, Mr. Lee Jung Hwan က COVID-19 RT-PCR Test Kits နှင့် Antigen Test Kits များ လှူဒါန်းရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး Minister, Mr. Hahm Jeonghan, အထွေထွေမန်နေဂျာ ဦးတင်ထွန်းနိုင်တို့နှင့်အတူ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ထံ COVID-19 RT-PCR Test Kits နှင့် Antigen Test Kits များကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ကို ပြန်လည်ပေးအပ်ပါသည်၊၊


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Laboratory Testing Team သို့ Automatic VNA Extraction System (၁)လုံး လှူဒါန်းခြင်း

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Laboratory Testing Team သို့ Automatic VNA Extraction System (၁)လုံး လှူဒါန်းသည့် အခမ်းအနားအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၂ ရက် (တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်နှင့် ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦး၊ Manan & Myint Lwin Family မှ Dr. Manan Naw Jar နှင့် အလှူရှင်မိသားစုများ တက်ရောက်ကြပါသည်၊၊ ရှေးဦးစွာ Manan & Myint Lwin Family မှ Dr. Manan Naw Jar နှင့် အလှူရှင် မိသားစုများက တန်ဖိုးငွေ ကျပ်သိန်းခြောက်ရာငါးဆယ် တန်ဖိုးရှိ Automatic VNA Extraction System (၁) လုံးကို ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ကျေးဇူး တင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Kham Le Family Co., Ltd မှ ကျပ်တစ်ဆယ့်ငါးသိန်း တန်ဖိုးရှိ 3M N- 95 Mask များ လှူဒါန်းခြင်း

Kham Le Family Co., Ltd မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေ သနဦးစီးဌာနမှ ဝန်ထမ်းများအတွက် မွေးနေ့အလှူအဖြစ် ကျပ်တစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ 3M N95 Mask များ လှူဒါန်းသည့် အခမ်းအနားအား ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၉ ရက် (သောကြာနေ့) မွန်းတည့် ၁၂:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာ ဇော်မြင့်၊ ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦး၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာရန်နောင်ထွန်းနှင့် Kham Le Family Co., Ltd မှ အလှူရှင်များ တက်ရောက်ကြပါသည်၊၊ ရှေးဦးစွာ Kham Le Family Co., Ltd မှ တာဝန်ရှိသူများက ကျပ် တစ်ဆယ့်ငါးသိန်း တန်ဖိုးရှိ 3M N95 Mask အခု (၅၀၀) ကို ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံ ရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အာဟာရဒါနများ လာရောက်လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက် (ကြာသပတေးနေ့) တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team၊ COVID-19 Swab Team နှင့် Call Centre တို့မှ ဝန်ထမ်းများအတွက် ဦးမြင့်ကြည်၊ ဇနီးဒေါ်သန်းသန်းနွယ်မိသားစုက နံနက်စာ ပြည်ပလာတာသုတ်များ အာဟာရဒါနအဖြစ် လာရောက်လှူဒါန်းပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၁ ရက် (တနင်္ဂနွေနေ့) တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team၊ COVID-19 Swab Team နှင့် Call Centre တို့မှ ဝန်ထမ်းများအတွက် ရန်ကုန်မြို့နေ ဦးရဲမင်း၊ ဇနီးဒေါ်အိအိမြင့််မိသားစုက နံနက်စာ ပြည်ပလာတာသုတ် များ အာဟာရ ဒါနအဖြစ် လာရောက်လှူဒါန်းပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက် (ကြာသပတေးနေ့) တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team နှင့် Call Centre တို့မှ ဝန်ထမ်းများအတွက် ဦးတင့်ဆွေ၊ ဇနီးဒေါက်တာ တင်တင်ထွေးမိသားစုက နံနက်စာ နှမ်းထမင်း (၃၅) ဘူးကို အာဟာရဒါနအဖြစ် လာ ရောက်လှူဒါန်းပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team မှ ဝန်ထမ်းများအတွက် ရန်ကုန်မြို့နေ ဒေါက်တာကျော်ဇင်ဟန်၊ ဇနီးဒေါက်တာလှလှခိုင် မိသားစုက မွေးနေ့အလှူအဖြစ် နံနက်စာ (Lunch Box) များကို အာဟာရဒါနအဖြစ် လာရောက်လှူဒါန်းပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက် (စနေနေ့) တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team၊ COVID-19 Swab Team နှင့် Call Centre တို့မှ ဝန်ထမ်းများအတွက် ဦးတင့်လွင်၊ ဇနီးဒေါ်သန်းသန်းလွင် မိသားစုတို့က တန်ဖိုးငွေကျပ်နှစ်သိန်းရှိ အစား အသောက်များကို အာဟာရဒါနအဖြစ် လာရောက်လှူဒါန်းပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနအတွက် COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၅ ရက် (တနင်္လာနေ့) တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဝန်ထမ်းများအတွက် ငွေကျပ် တစ်ဆယ်သိန်း တန်ဖိုးရှိ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ (၁၉၆၉-၁၉၇၆) ခုနှစ် အတန်းသားများက လာရောက် လှူဒါန်းကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး COVID-19 ရောဂါကုသရေးတွင် အသုံးပြုရန်အတွက် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၄ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၃:၀၀ နာရီ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး COVID-19 ရောဂါကုသရေးတွင် အသုံးပြုရန်အတွက် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများကို လှူဒါန်းသည့် အခမ်းအနားအား ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် အလှူရှင်များ တက် ရောက်ကြပါသည်၊၊ ရှေးဦးစွာ အလှူရှင် ဒေါက်တာသီသီခိုင်က Pulse Oxymeter အလုံး (၄၀) ကိုလည်းကောင်း၊ Alston Lau Family (Malaysia) က ငွေကျပ်ငါးဆယ့် တစ်သိန်း နှစ်သောင်းငါးထောင် တန်ဖိုးရှိ 5L oxygen concentrator with single outlet (Caire, USA) (၃)လုံး၊ Surgical Gowns (၄၂၀) ခုနှင့် 3 Ply Surgical Masks ဘူး (၂၀၀) ကိုလည်းကောင်း၊ ဦးသိန်းထိုက်နှင့် ဇနီးဒေါ်ခင်မြင့်ရီနှင့် သားသမီး မြေးများ (ကျားမာန်ဟိန်းကုမ္ပဏီလီမီတက်) က ငွေကျပ်ငါးဆယ့်ကိုးသိန်း ခုနှစ် သောင်းငါးထောင်တန်ဖိုးရှိ 5L oxygen concentrator with single outlet (Caire, USA) (၅) လုံး ကိုလည်းကောင်း၊ ဦးဘိုဘိုလင်းဇနီးဒေါ်နှင်းသဇင်မြင့်၊ သား မောင်သူရိယလင်းသိမ်း မိသားစုက ငွေကျပ်တစ်ဆယ့်တစ်သိန်း ကိုးသောင်းငါးထောင် တန်ဖိုးရှိ 5L oxygen concentrator with single outlet (Caire, USA) (၁) လုံးကို လည်းကောင်း၊ အသီးသီးပေးအပ်လှူဒါန်းကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက လက်ခံရယူ၍ ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် အထောက်အကူပစ္စည်းများ လှူဒါန်းခြင်း။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၂:၀၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် အထောက် အကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ အလှူရှင်များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး အလှူရှင်များကိုယ်စား ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာမင်းသူက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမင်းသူနှင့် ဇနီးဒေါ်သီသီနွယ်မိသားစုက ကွယ်လွန်သူ နှစ်ဖက် သော မိဘများအားရည်စူး၍ အလှူငွေ ကျပ်သိန်းငါးဆယ်ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်၊၊

ဆက်လက်ပြီး ဆေးတက္ကသိုလ် (၁) ၁၉၈၇ ခုနှစ် ဘွဲ့ရ (ပြည်တွင်းပြည်ပ) ဆရာဝန် မိသားစုများက ကျပ်သိန်းတစ်ရာ့ငါးဆယ်တန်ဘိုးရှိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ဆေးပစ္စည်းများကိုလည်းကောင်း၊ Australia Myanmar Doctors, Nurse and Friends’ Donation for the COVID က အလှူငွေ ကျပ်တစ်ဆယ့်ငါးသိန်း နှစ်သောင်းငါးထောင်ကိုလည်းကောင်း၊ Sea Lion Co., Ltd ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဝင်းဇော်အောင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆရာ ဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် ကျပ် သိန်းလေးရာ့လေးဆယ် တန်ဘိုးရှိ 3M FFP2 Respirator အခုရေ (၄၀၀၀)၊ Sea Lion Type I Medical Grade Surgical Face Mask အခုရေ (၁၀၀,၀၀၀)၊ Sea Lion Type II Fluid Resistant Medical Grade Surgical Face Mask အခုရေ (၁၀၀,၀၀၀) တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဓာတုသိပ္ပံအသင်းမှ ဦးလှသိန်းက သူနာပြုတက္ကသိုလ် Covid Centre မှ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေ ကျပ်သိန်းသုံးဆယ်ကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အသီးသီး ပေးအပ် လှူဒါန်းကြရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပါသည်၊၊

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ အလှူရှင် များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို မွန်းလွဲ ၂:၃၀ နာရီတွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနား အပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြ ပါသည်၊၊


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အာဟာရဒါန လာရောက်လှူဒါန်းခြင်း။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက် (ကြာသပတေးနေ့) တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team နှင့် Call Centre တို့မှ ဝန်ထမ်းများအတွက် ဒေါက်တာဖြူသင်းရွှေနှင့် သူငယ် ချင်းများက နံနက်စာထမင်းများကို အာဟာရဒါနအဖြစ် လာရောက်လှူဒါန်းကြ ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အလှူငွေနှင့် ဆေးဝါးများ ပေးပို့လှူဒါန်းခြင်း။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ဝန်ထမ်းများ အတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါးလမ်းရှိ ROYAL RUBY COMPANY LIMITED မှ Managing Director ဒေါက်တာဒေါ်သင်းနွယ်ဝင်းက တန်ဘိုးငွေ ကျပ်တစ်ဆယ် သိန်းသုံးထောင်တန်ဘိုးရှိ ဒိန်းမတ်နိုင်ငံထုတ် Viminova Tab (Super Multivitamin) ဆေးဘူး (၁၇၀) နှင့် ငွေသားအလှူ ကျပ်ငါးသိန်းတိတိကို ပေးပို့လှူဒါန်းပါသည်။