THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


November 2020 Events


ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆေးရုံးသုံးစွန့်ထုတ်ပစ္စည်းများ သန့်စင် သည့်စက် (Hospital Waste Management Equipment) များ လှူဒါန်းခြင်း။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၀:၃၀ နာရီတွင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဆေးရုံးသုံးစွန့်ထုတ်ပစ္စည်းများ သန့်စင်သည့်စက် (Hospital Waste Management Equipment) များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kim Gunn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa နှင့်တာဝန်ရှိသူများ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က နေပြည်တော်ဝန်ကြီးရုံးမှ Video conference ဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပါသည်။ ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kim Gunn က လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်း ပြောကြားပြီး၊ ကိုရီးယား၊ မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပါသည်။

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kim Gunn၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ခုနှစ်သိန်း တန်ဖိုးရှိ ဆေးရုံသုံး စွန့်ထုတ်ပစ္စည်းများ သန့်စင်သည့်စက် (Hospital Waste Management Equipment) သုံးလုံးကို ပေးအပ်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ အခမ်းအနားအပြီးတွင် Media များ၏မေးမြန်းချက်များကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kim Gunn နှင့် အဖွဲ့က ပြန်လည်ဖြေကြားပါသည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆေးသုတေသနဦးစီးဌာနရှိ အဆင့်မြင့်မော်လီကျူးသုတေသနဌာန (Advanced Molecular Research Center) သို့ သွားရောက်ကာ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို လှည့်လည်ကြည့်ရှုရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသပါသည်။


9-COVID Team ၏ ဦးဆောင်စည်းရုံးမှုဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ လှူဒါန်းခဲ့ကြသော အလှူရှင်များကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပခြင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၃:၀၀ နာရီတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ မေတ္တာ၊ စာဂ၊ ဝီရိယကို အခြေခံ၍ ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် 9-COVID Team ၏ ဦးဆောင်စည်းရုံးမှုဖြင့် နေထိုင်ရန်အဆောက်အဦများ၊ အကျွေးအမွေးများနှင့် သွားလာရေးတို့ကို လှူဒါန်းကြသော အလှူရှင်များကို အသိ အမှတ်ပြု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နေပြည်တော်ဝန်ကြီးရုံးမှ ဗီဒီယိုကွန်ဖရင့်ဖြင့် ဂုဏ်ပြု အဖွင့် အမှာစကား ပြောကြားပါသည်။ ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင် ဦးသိန်းဟန်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး 9-COVID Team မှ ဦးခင်အောင်ထွန်းက 9-COVID Team ဖွဲ့စည်းခဲ့မှုနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြားပါသည်။ ယင်းနောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို COVID-19 ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ မေတ္တာ၊ စာဂ၊ ဝီရိယကိုအခြေခံ၍ ဆောင် ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် 9-COVID Team ၏ ဦးဆောင်စည်းရုံးမှုဖြင့် နေထိုင်ရန်အဆောက်အဦများ၊ အကျွေး အမွေးများနှင့် သွားလာရေးတို့ကို လှူဒါန်းပေးကြသော အလှူရှင် (၃၈) ဦးအား ပေးအပ်ချီးမြှင့်ပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အလှူငွေလှူဒါန်းခြင်း

ဒေါက်တာသန့်ဇင်ထွန်းနှင့် ဇနီးဒေါက်တာခင်သန်းနိုင်မိသားစုက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သောနေရာများတွင် အသုံးပြုရန် ငွေကျပ်ဆယ်သိန်းတိတိကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက် (အင်္ဂါနေ့) တွင် လှူဒါန်းပါသည်။

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သော နေရာများတွင် အသုံးပြုရန် ပါမောက္ခဒေါက်တာဦးညွန့်သိမ်း မိသားစုက ငွေကျပ် ငါးသိန်းတိတိကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက် (သောကြာနေ့) တွင် လှူဒါန်း ပါသည်။

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team, COVID-19 Swab Team နှင့် Call Center 2019 တို့မှ ကျန်းမာရေးဝန်ထမ်းများအတွက် Save Health Care Heroes (SOH) T-Shirt (၇၀) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက် (သောကြာနေ့) တွင် Save Our Heroes မှ တဆင့် မင်္ဂလာဆေးဆိုင်မိသားစု (ဗိုလ်ချုပ်လမ်း) က လှူဒါန်းပါသည်။

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် ဒေါက်တာလှိုင်မြတ်သူ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါက်တာဝင်းမော်ထွန်းနှင့် ဒေါက်တာလှိုင်မြတ်သူမိသားစုက အလှူငွေကျပ်လေးသိန်းတိတိကို (၂၈-၁၁-၂၀၂၀) ရက်နေ့တွင် လှူဒါန်းပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၃:၀၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Covid–19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသ ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဆေးသု တေသန ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Ms. Suphatra Srimaitree phithak နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Ms. Suphatra Srimaitree phithak က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ထိုင်းဘတ်ငွေ (၇၈၈,၀၀၀) တန်ဖိုးရှိ PPE, Medical Supplies နှင့် Favipiravir ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ အခမ်းအနားအပြီး တွင် Media များ၏ မေးမြန်းချက်များကို ထိုင်းနိုင်ငံသံအမတ်ကြီးက ပြန်လည် ဖြေ ကြားပါသည်။


(၄၂) ကြိမ်မြောက် ဆေးသုတေသနဦးစီးဌာန မိသားစုဘုံကထိန်ကို ကာလဒါနအလှုအဖြစ် ကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မိသားစုဘုံကထိန်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက် နံနက် ၉:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဒဂုံပရိယတ္တိစာသင်တိုက်၌ ကာလဒါနအလှူအဖြစ် ကထိန်ခင်းပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဒဂုံပရိယတ္တိစာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမာမကာဘိဝံသထံမှ ငါးပါးသီလခံယူ ကြပြီး ဆေးသုတေသနဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းအလှူဖြစ်သော ကထိန်လျာ ဉတ်သင်္ကန်းနှင့် နဝကမ္မအလှူငွေ ကျပ်တစ်ဆယ့်သုံးသိန်းခြောက်သောင်းနှစ်ထောင် ကို ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦးက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးနှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေနှင့် Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက် (အင်္ဂါနေ့) မွန်းလွဲ ၃:၀၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးနှင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေ သန ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Ly Quoc Tuan နှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးမှ သံ အမတ်ကြီး H.E. Mr. Ly Quoc Tuan က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသန ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင် ဂုဏ်ပြု အမှာစကား ပြန်လည်ပြောကြားပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Ly Quoc Tuan နှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ ကျပ်သိန်း (၃၀၀) နှင့် အမေရိကန် ဒေါ်လာ (၁၅၀,၀၀၀) တန်ဖိုးရှိ Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သော နှာခေါင်းစည်း (၁၅၉,၆၀၀) ခု၊ အပူချိန်တိုင်းကိရိယာ (၉၀) ခု၊ လက်သန့်ဆေးရည် (၄၈၆) ဘူးတို့ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်လှူဒါန်း ရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေး အပ်ပါသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E Mr. Ly Quoc Tuan နှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ၊ ဆေးသုတေ သန ဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်း အနားကို မွန်းလွဲ ၃:၃၀ နာရီတွင် ရုတ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်။


COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ DKSH (Myanmar) Ltd. မှ Medical Supplies နှင့် Portable X-Ray machine များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက် (တနင်္လာနေ့) နံနက် ၁၁:၀၀ နာရီတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ DKSH (Myanmar) Ltd. မှ Medical Supplies နှင့် Portable X-Ray machine များ လှူဒါန်းခြင်းအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပါသည်။ ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် ပံ့ပိုးကူညီလှူဒါန်းပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်အမှာစကား ပြောကြား ပါသည်။ ထို့နောက် DKSH (Myanmar) Ltd. မှ Mr. Ankur Pandey (Vice President, Healthcare) က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ ကျပ်တစ်ထောင့် လေးရာနှစ်သိန်း ကိုးသောင်းခြောက်ထောင် တန်ဖိုးရှိ Medical Supplies နှင့် Portable X-Ray machine များကို လွှဲပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စု ဝန်ကြီးကိုယ်စား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ KB Financial Group နှင့် IBK- Industrial of Korea တို့မှ COVID-19 Ag Test Kit များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၂:၀၀ နာရီတွင် KB Financial Group နှင့် IBK- Industrial of Korea တို့မှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် COVID-19 Ag Test Kit များ ပေးအပ်လှူဒါန်းသည့် အခမ်းအနား ကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံး မှ Minister, Mr. Hahm Jeonghan နှင့် တာဝန်ရှိသူများ၊ Mr. Ik Su Lee (Chief Representative of KB Financial Group) နှင့် တာဝန်ရှိသူများ၊ Mr. Tae kyung Lee (Chief Representative of IBK - Industrial Bank of Korea) နှင့် ဖိတ် ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်၊၊

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ Minister, Mr. Hahm Jeonghan က အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ Mr. Ik Su Lee (Chief Representative of KB Financial Group) က COVID-19 Ag Test Kit များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ Minister, Mr. Hahm Jeonghan နှင့်အတူ ဆေးသုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ Covid-19 Ag Test Kit များကို ပေးအပ် လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန် လည် ပေးအပ်ပါသည်၊၊

ဆက်လက်ပြီး Mr. Tae kyung Lee (Chief Representative of IBK - Industrial Bank of Korea) က ညွှန်ကြားရေးမှူးချုပ်ထံ Covid-19 Ag Test Kit များကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်၊၊ ထို့နောက် Minister, Mr. Hahm Jeonghan၊ ဆေးသုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ KB Financial Group နှင့် IBK - Industrial Bank of Korea တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီ တွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိ သူများက ပြန်လည်ဖြေကြားကြပါသည်၊၊ ယနေ့ကျင်းပသော လှူဒါန်းပွဲအခမ်းအနားတွင် KB Financial Group မှ US$ 12,425 တန်ဖိုးရှိသည့် Ag Test Kit 2500 ကိုလည်းကောင်း၊ IBK- Industrial Bank of Korea မှ US$ 6,794 တန်ဖိုးရှိ Ag Test kit 1000 ကိုလည်းကောင်း စုပေါင်း လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အာဟာရဒါနများ လာရောက်လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက် (တနင်္ဂနွေနေ့) တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team ၊ COVID-19 Swab Team နှင့် Call Centre 2019 တို့မှ ဝန်ထမ်းများအတွက် ၃၈ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့နေ မအိသဉ္ဇာထွန်းက နေ့လယ်စာ (Lunch Box) များ ကို အာဟာရဒါနအဖြစ် လာရောက်လှူဒါန်းပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက် (တနင်္ဂနွေနေ့) တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန COVID-19 Lab Testing Team ၊ COVID-19 Swab Team နှင့် Call Centre 2019 တို့မှ ဝန်ထမ်းများ အတွက် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမြို့နေ Mr. Doyama နှင့် ဒေါ်မီမီအောင်မိသားစုက နေ့လယ်စာရှမ်းထမင်း (Lunch Box) ပွဲ(၅၀) ကို အာဟာရဒါနအဖြစ် လာရောက်လှူဒါန်းပါသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းကိရိယာများလှူဒါန်းခြင်း။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၆) ရက် မွန်းလွဲ ၃:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းကိရိယာများ လှူဒါန်း သည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်းက အမှာစကား ပြောကြားပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်စွာဖြင့် COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပံ့ပိုးကူညီလှူဒါန်းပေးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားပါသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်းက တရုတ်နိုင်ငံမှ လှူဒါန်းသည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံပြည့် (၂၄၀,၀၀၀) ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စု ဝန်ကြီးကိုယ်စား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊


အမေရိကန်ပြည်ထောင်စု Seattle မြို့နေ U Phillip Maung မိသားစုမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် Power Air Purified Respirator (PAPR) စက်များ ပေးအပ်လှူဒါန်းခြင်း။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၃:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးပြုရန် Power Air Purified Respirator (PAPR) စက်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်မိသားစုကိုယ်စား ဒေါက်တာဝင်းဇော်အောင် (CEO of Sea Lion Group)၊ ပါမောက္ခဒေါက်တာထက်မြက် (Department of Chest Surgery)၊ ရန်ကုန်အထူးကုဆေးရုံကြီးနှင့် ပါမောက္ခဒေါက်တာမော်ဦး (Department of Emergency Medicine)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြု အမှာ စကားပြောကြားပြီး အလှူရှင်မိသားစုကိုယ်စား ဒေါက်တာဝင်းဇော်အောင် (CEO of Sea Lion Group) က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပါသည်။

ထို့နောက် ရန်ကုန်အထူးကုဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးပြုရန် အမေရိကန် ပြည်ထောင်စု Seattle မြို့နေ U Phillip Maung မိသားစုက လှူဒါန်းသည့် ကျပ်သိန်း ပေါင်း ၃၅၀ တန်ဖိုးရှိ Power Air Purified Respirator (PAPR) စက်အစုံ (၅၀) ကို အလှူရှင်မိသားစုကိုယ်စား ဒေါက်တာဝင်းဇော်အောင် (CEO of Sea Lion Group) က ပေးအပ်လှူဒါန်းရာ ပါမောက္ခဒေါက်တာထက်မြက်နှင့် ပါမောက္ခဒေါက်တာမော်ဦး တို့က လက်ခံရယူပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် အတူ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကြပါသည်။ အခမ်းအနားအပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊