THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH

DEPARTMENT OF MEDICAL RESEARCH

News in Brief


November 2025 Events


“သုတေသနနှင့်ဓါတ်ခွဲဆိုင်ရာနည်းပညာများပေါင်းစပ်၍ ကင်ဆာရောဂါများအားရှာဖွေကုသခြင်းအစည်းအဝေးတက်ရောက်ခြင်း”

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင် ဦးဆောင်လျက် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သုတေသန) နှင့်ညွှန်ကြားရေးမှူး(သုတေသန)တို့ပါဝင်သော အဖွဲ့ဝင် (၃)ဦးသည် သုတေသနနှင့်ဓါတ်ခွဲဆိုင်ရာနည်းပညာများပေါင်းစပ်၍ ကင်ဆာရောဂါများအား ရှာဖွေကုသခြင်းအစည်းအဝေးကိုတက်ရောက်ရန် ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့သို့ဒီဇင်ဘာလ (၁၉)ရက်နေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာခဲ့ကြပါသည်။

ညွန်ကြားရေးမှူးချုပ်၏ အဆိုပါခရီးစဉ်အတွင်း ဒီဇင်ဘာလ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ၊ ကိုရီးယားနိုင်ငံ၊ဘူဆန်တက္ကသိုလ်တွင်ပြုလုပ်မည့် Liquid Biopsy Biomarker from Circulating Tumour DNA(ctDNA)ကို လက်တွေ့စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်နေသည့် ဘူဆန်တက္ကသိုလ်ဆေးရုံများနှင့် ကင်ဆာရောဂါသုတေသနများ ဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်သုတေသနဓါတ်ခွဲခန်း များကိုလှည့်လည်လေ့လာခြင်း များပါဝင်၍ သုတေသနဆိုင်ရာဓါတ်ခွဲနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကင်ဆာရောဂါစောစီးစွာသိရှိအောင် ရှာဖွေသည့်ဓါတ်ခွဲခန်းနည်းပညာ၊ ကင်ဆာရောဂါကုသ ရေးတွင် အထောက်အကူပြုမည့် ဓါတ်ခွဲဆိုင်ရာနည်းပညာများ ကိုကိုရီးယား-မြန်မာ အပြန် အလှန်တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


“Efficacy and safety of artemether-lumefantrine for the treatment of uncomplicated Plasmodium falciparum malaria and chloroquine for Plasmodium vivax malaria in Nansang Township, Southern-Shan State, Myanmar” အတွက် Molecular Analysis ဓာတ်ခွဲလုပ်ငန်းများ လုပ်ဆောင်မှုစတင်ခြင်းအခမ်းအနား

ဆေးသုတေနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူးသုတေသနဌာနတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ မှစတင်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ ဖြင့်ဆောင်ရွက်နေသော “Efficacy and Safety of Artemether-lumefantrine for the Treatment of Uncomplicated Plasmodium falciparum Malaria and Chloroquine for Plasmodium vivax Malaria in Nansang Township, Southern-Shan State, Myanmar သုတေသနစီမံချက်၏ Molecular Analysis ဓာတ်ခွဲလုပ်ငန်းများလုပ်ဆောင်မှု စတင်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၉နာရီခွဲတွင် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဖွင့်လှစ် ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်က အဖွင့် အမှာစကားပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအတွက်သာမကဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးနည်းဗျူဟာများချမှတ်ရေးတွင် အထောက်အပံ့ဖြစ်စေမည့် သုတေ သနလုပ်ငန်း၏ ဓာတ်ခွဲလုပ်ငန်းများကို ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ဆောင်ရွက်မည် ဖြစ်၍ များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါသုတေသနလုပ်ငန်းကို အဆင့်မြင့်မော်လီကျူးသုတေသနဌာန၊ ဇီဝသတင်းအချက် အလက်နည်းပညာဌာနခွဲ၊ ကပ်ပါးပိုးဗေဒသုတေသနဌာနခွဲတို့မှ သုတေသီများ၊ ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ သုတေသီများကဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်တို့မှ ကိုယ်စားလှယ်များနှင့်အတူ ၈-၁၂-၂၀၂၅ မှ စတင်၍ (၅)ရက်ကြာဆောင်ရွက်ကြမည်ဖြစ်ပါသည်။


“25th FERCAP INTERNATIONAL CONFERENCE” တက်ရောက်ခြင်းအခမ်းအနား”

ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Siriraj Hospital and Eastin Grand Hotel တွင်၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် မှ ၂၆ ရက်နေ့ထိ ကျင်းပသော “၂၅ ကြိမ်မြောက် အာရှနိုင်ငံများ၏ ဆေးသုတေသနကော်မတီ ကျင့်ဝတ်ဆိုင်ရာ နိုင်ငံတကာဖိုရမ်နှင့် ဆက်စပ်အစည်းအဝေး များ- 25th FERCAP INTERNATIONAL CONFERENCE” သို့ တက်ရောက်ခဲ့ပါသည်။

“Ethics and Quality by Design: Challenges and Opportunities in Research and Health Practice” Theme ဖြင့်ကျင်းပခဲ့သည့် ညီလာခံပထမနေ့တွင် Guidance for Research Ethics and Research Integrity in Using Human Biospecimens” ခေါင်းစဉ်ဖြင့် ဆေးသုတေသနဦးစီးဌာန၊ သုတေသနကျင့်ဝတ်ကော်မတီ (DMR-IRB) ကိုယ်စားပြုစာတမ်းတင်ပြခဲ့ပါသည်။

အဆိုပါညီလာခံကို The Forum of Ethical Review Committee in Asia and the Western Pacific (FERCAP) နှင့် Strategic Initiative for Developing Capacity in Ethical Review (SIDCER) supported by WHO တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အာရှနှင့် ပစိဖိတ်ဒေသတွင်း FERCRP Recognized သုတေသနကျင့်ဝတ်ကော်မတီဝင်များ၊ Health Care Professional ကိုယ်စားလှယ်များနှင့် Ethicist များ၊ ထိုင်းနိုင်ငံမှ National Research Council Committee ဝင်များနှင့် Health Care Professional များတက် ရောက်ခဲ့ကြပါသည်။


“Research Integrity and Research Ethics for IRB/REC Members” Training Workshop ဖွင့်လှစ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) ၌ ကျန်းမာရေး ဝန်ကြီးဌာန ရှိ “Institutional Review Board/Researh Ethics Committee (IRB/REC) အဖွဲ့ဝင်များ အတွက် သုတေသနသမာဓိနှင့် သုတေသနကျင့်ဝတ်” “Research Integrity and Research Ethics for IRB/REC Members” သင်တန်းကို ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်း တွင်ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ် ဆေးသုတေသနဦးစီးဌာန၊ ပါမောက္ခ ဒေါက်တာ အေးအေးခင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ဆေးသုတေသနဦးစီးဌာနအနေနဲ့ Forum for Ethical Review Committee in the Asia and Western Pacific Region (FERCAP) Member ဖြစ်တာနဲ့အညီ ကျန်းမာရေး ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန အသီးသီးနှင့် တက္ကသိုလ် များ မှ Institutional Review Board/Research Ethics Committees အဖွဲ့ဝင်များ၏ သုတေသနကျင့်ဝတ် လုပ်ငန်းများ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အခု Training Workshop ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ (၃) ရက်တာ သင်တန်းကာလအတွင်းတွင် IRB/REC အဖွဲ့ဝင်များ အနေနှင့် Conflicts of Interest၊ Research Misconduct၊ Informed Consent၊ Risks and Benefits၊ Confidentiality ၊ Data Management၊ Authorship and Responsible Publication စသည်တို့အပါအဝင် ကျန်းမာရေးသုတေသနကျင့်ဝတ်နှင့် သက်ဆိုင်သည့် အဓိကအကြောင်းအရာ များကို ပို့ချချက်များ၊ Case Study များ Group Work များဖြင့် ဆွေးနွေးသုံးသပ် သွားကြရမည် ဖြစ်ကြောင်း၊ ယခုသင်တန်းမှာ လေ့လာသင်ယူတွေမှ တစ်ဆင့် သုတေသနစည်းမျဉ်း ကော်မတီ အဖွဲ့ဝင်များအနေနဲ့ သုံးသပ်ဆုံးဖြတ်မှုလုပ်ငန်းများကို ပိုမိုတိကျကောင်းမွန်အောင် ဆောင်ရွက်နိုင် မယ်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဆေးသုတေသနဦးစီးဌာနသည် ဖွင့်ပွဲအခန်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းပို့ချဆွေးနွေးပေးမည့်သူများ၊ သင်တန်းသူ/ သင်တန်းသား များနှင့်မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။

ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) ရန်ကုန်မြို့တွင် ၁၁-၁၁-၂၀၂၅ မှ ၁၃-၁၁-၂၀၂၅ ရက် နေ့ထိ (၃)ရက်ကြာဖွင့်လှစ်မည့် ဤသင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန Institutional Review Board နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ ၏ Institutional Review Board/Research Ethics Committees အဖွဲ့ဝင် (၂၆) ဦးတို့အား ဆေးသုတေသနဦးစီးဌာန Institutional Review Board မှ ဝါရင့်သုတေသီများက Research Integrity နှင့် Research Ethics ဆိုင်ရာများကို သင်ကြားဆွေးနွေးပေးကြမှာဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲအသွင်ဖြင့် သင်တန်းသား များကို အုပ်စု(၃)ခုခွဲ၍ Case Study များ Group Work များကို အဖွဲ့လိုက် လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်သည့် အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာဆန်းစစ်သုံးသပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဧည့်သည်တော်များ၊ သုတေသနပညာရှင်များ၊ သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။


“ဂျပန်နိုင်ငံ Okayama University Hospital မှ Professor Shigeru Okada နှင့်အဖွဲ့ လာရောက်တွေ့ဆုံခြင်း”

ဂျပန်နိုင်ငံ Okayama University Hospital မှ Professor Shigeru Okada၊ Ms Ishibe Haruko နှင့်အဖွဲ့သည် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ဒေါက်တာအေးအေးခင် အား ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ (၇-၁၁-၂၀၂၅) ရက်နေ့တွင် လာရောက် တွေ့ဆုံပါသည်။

တွေ့ဆုံပွဲ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည့် (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံသို့ ဂျပန်နိုင်ငံမှ Genomic Research ဆိုင်ရာ ပါမောက္ခနှင့် သုတေသီ များက Genomic Research Symposium တွင် လာရောက်ဆွေးနွေးဟောပြောရန် ကိစ္စရပ်များ၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ Medical Engineer များကို လေ့ကျင့်သင်တန်းပေးသည့် ကိစ္စရပ်များ၊ ဂျပန်ရိုးရာအပ်စိုက်ဆေးပညာနှင့် ကုသခြင်းတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။