THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH

DEPARTMENT OF MEDICAL RESEARCH

News in Brief


December 2025 Events


“ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် ၅/၂၀၂၅ စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူ Advanced Molecular Research Center တွင် One day Bloc Posting လာရောက်လေ့လာကြခြင်း”

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန၊ Auditorium (1)တွင် ကျင်းပပြုလုပ်သည့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (စတုတ္ထနှစ်) ကျောင်းသား/ကျောင်းသူများ Bloc Postingအချိန်အတွင်း ဆေးသုတေသနဦးစီးဌာနသို့လာရောက် လေ့လာခြင်းအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ် က ယခုအစီအစဉ်သည် ရက်တိုတောင်းပြီး အဆင့်မြင့်ဓါတ်ခွဲနည်းပညာရပ်များ လေ့လာကြရမည် ဖြစ်၍ သေချာစွာလေ့လာကြရန်မှာကြားခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)မှ ၅/၂၀၂၅ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးတို့ လာရောက်ကြခြင်းဖြစ်ပြီး၊ ဆေးသုတေသန ဦးစီးဌာန၊ Advanced Molecular Research Center တွင် One day Bloc Posting လာရောက် လေ့လာကြခြင်းဖြစ်ပါသည်။