ဆေးသုတေသနဦးစီးဌာန ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အဆင့်မြင့်မော်လီကျူးသုတေသနစင်တာ အစည်းအဝေးခန်းမတွင် ၂၄-၇-၂၀၂၆ ရက်နေ့ ညနေ ၃:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ အေးအေးခင်က အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သော ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၊ ဇီဝကမ္မဗေဒသုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာခင်မိမိလေး၏ သားမောင်ကောင်းခန့်ထက်အား ပညာရည်ချွန် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူနှစ်ဦးတို့အား ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပညာရည်ချွန်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားနေသော ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)နှင့် ပြင်ဦးလွင်ရုံးခွဲတို့မှ ဝန်ထမ်းသားသမီးများအတွက်ပညာသင်ထောက်ပံ့ကြေးများကို ဝန်ထမ်းများနှင့် သားသမီးများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက် စုပေါင်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။