THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HEALTH
DEPARTMENT OF MEDICAL RESEARCH

News & Events
Event Aug 31, 2026 Department of Medical Research

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာမှ စတုတ္ထနှစ် ကျောင်းသား/သူများနှင့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်) နှင့် ဆေးဝါးတက္ကသိုလ်(မန္တလေး) တို့မှဆေးဝါးမဟာသိပ္ပံ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ) နှင့် (ပရဆေးဗေဒ) ပထမနှစ်ကျောင်းသား/သူများ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) တွင် စာတွေ့လက်တွေ့လေ့လာခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) Auditorium(1) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်(ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာ (၁/၂၀၂၆) သင်တန်းမှ စတုတ္ထနှစ်ကျောင်းသား/သူ (၆၉)ဦး နှင့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်)နှင့် ဆေးဝါး တက္ကသိုလ်(မန္တလေး) တို့မှ ဆေးဝါးမဟာသိပ္ပံ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ) နှင့် (ပရဆေးဗေဒ) (၁/၂၀၂၆) သင်တန်းမှ ပထမနှစ်ကျောင်းသား/သူ(၁၂)ဦးတို့ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)သို့ စာတွေ့လက်တွေ့ လေ့လာရန်လာရောက်ခြင်းအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပါသည်။

ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာသင်တန်းမှ ကျောင်းသား/သူများသည် ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)တွင် ရောဂါဗေဒနှင့်အဏုဇီဝဗေဒဆိုင်ရာဓာတ်ခွဲစမ်းသပ်မှုများ၊ မျိုးဗီဇဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှုများအတွက် အခြေခံသဘောတရားနှင့် လက်တွေ့ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ဆေးဝါးမဟာသိပ္ပံ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)နှင့် (ပရဆေးဗေဒ) ပထမနှစ် ကျောင်းသား/သူတို့သည် ဆေးဝါးဗေဒ၊ ဆေးဝါးအဆိပ်ဗေဒ၊ ကာကွယ်ဆေးသုတေသန၊  ရောဂါပြီး ဗေဒနှင့် ဇီဝဓာတုဗေဒသုတေသနဌာနများတွင် သုတေသနလုပ်ဆောင်မှုများကိုလည်းကောင်း  ဩဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ(၂) ရက်နေ့အထိ စာတွေ့ လက်တွေ့ (၃)ရက်ကြာ လေ့လာကြမည်ဖြစ်ပါသည်။