ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင် ဦးဆောင်သည့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓါတ်ခွဲ)နှင့် ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှစ်ဦး ပါဝင်သောအဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ Grand Walkerhill Hotel တွင် ကျင်းပသည့် “ဓါတ်ခွဲခန်းဆေးပညာရပ်ဆိုင်ရာညီလာခံနှင့်ဆက်စပ်အစည်းအဝေး (Laboratory Medicine Congress & Exhibition & KLSM 67th Annual Meeting)” သို့ တက်ရောက်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ထွက်ခွာခဲ့ကြပါသည်။
ညီလာခံဖွင့်ပွဲနေ့တွင် Professor Myung Geun Shin, Chairman, Organizing Committee of LMCE 2026/CEO, Korean Society for Laboratory Medicine က အဖွင့်မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ ညီလာခံကို “AI for AI ( Advanced Integration)" Theme ကိုမူတည်၍ AI - based Medicine (AI ကို ကျန်းမာရေး ကဏ္ဏတွင်အသုံးပြုခြင်း) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကိုမြှင့်တင်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူဖြစ်စေရန်၊ နိုင်ငံတကာမှ ညီလာခံတက်ရောက်သူ ပညာရှင် များအကြား ဓါတ်ခွဲခန်းဆေးပညာရပ်ဆိုင်ရာအတွေ့အကြုံများ၊ ရောဂါရှာဖွေရေးဆိုင်ရာ ခေတ်မှီ အဆင့်မြင့် နည်းပညာများနှင့် သုတေသနတွေ.ရှိချက်များကို ဆွေးနွေးတင်ပြဖလှယ်နိုင်ကြရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ညီလာခံဒုတိယနေ့တွင် Global Session 1 Symposium ၌ Invited Speaker အဖြစ် ဖိတ်ကြားခြင်းခံရသည့် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင် က “ Building Smart Laboratories: Progress, Challenges and Future Directions in Myanmar” ကို တင်ပြဆွေးနွေးခဲ့ပါသည်။ Global Session 1 and 2 Symposium “Building Smart Laboratories: Progress, Challenges and Future Directions” သို့ အာရှနှင့် ကမ္ဘာ့နိုင်ငံများဖြစ်သော Thailand, Vietnam Mongolia, Taiwan, India, Republic of Korea, China, Senegal, Japan, Azerbaijan တို့မှကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။ ထို့ပြင် ညွှန်ကြားရေးမှူး(သုတေသန)ဒေါက်တာရီရီကျော်နှင့်အဖွဲ့က Poster Presentation Session: Clinical Microbiology ၌ Detection of HBV Reverse Transcriptase Mutation in Chronic Hepatitis B Patients on Long-term Nucleos(t)ide Therapy” ကို ပြသခဲ့ပါသည်။
ညီလာခံ(၃)ရက်တာကာလအတွင်း Plenary session, Symposium Education Workshop, Oral paper presentation, Poster Presentation, Laboratory Exhibition များ ပါဝင်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် ကိုရီးယားနိုင်ငံမှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး ယင်းနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပါသည်။
ညွှန်ကြားရေးမှုးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်နှင့် အဖွဲ့ “Laboratory Medicine Congress and Exhibition (LMCE) 2026 & Korean Society of Laboratory Medicine (KSLM) 67th Annual Meeting” တက်ရောက်ခြင်း
ညွှန်ကြားရေးမှုးချုပ်ပါမောက္ခ ဒေါက်တာအေးအေးခင် “Laboratory Medicine Congress and Exhibition (LMCE) 2026 & Korean Society of Laboratory Medicine (KSLM) 67th Annual Meeting” ၏ Opening Ceremony တွင် Chair, Organizing Committee, Professor Myung Geun Shin နှင့် အခြား အာရှနိုင်ငံများမှ Speaker များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း
Invited Speaker ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင် “ Building Smart Laboratories: Progress, Challenges and Future Directions in Myanmar” ကို တင်ပြဆွေးနွေးစဉ်
ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာရီရီကျော်နှင့်အဖွဲ၏
Poster Presentation: Clinical Microbiology Session