Latest updates from Department of Medical Research
Follow DMR news, announcements, workshops, research meetings, and public health activities.
Highlighted Updates
Event
ဆေးသုတေသနဦးစီးဌာန ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း
ဆေးသုတေသနဦးစီးဌာန ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အဆင့်မြင့်မော်လီကျူးသုတေသနစင်တာ အစည်းအဝေးခန်းမတွင် ၂၄-၇-၂၀၂၆ ရက်နေ့ ညနေ ၃:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Announcement
ကြေညာချက်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူမည့် ရုံးသုံးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံးသုံးပရိဘောဂ ပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများစာရင်းအားထုတ်ပြန်ကြေညာခြင်း
Event
သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်နှိမ်နှင်းရေးဆောင်ရွက်ခြင်း
၂၁-၇-၂၀၂၆ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမှတ်၅၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ဦးစီးဌာနရုံးဝင်းအတွင်းနှင့် ဝန်ထမ်းအိမ်ယာများတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများဖြစ်သည့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ဆေးမှုတ်ခြင်း၊ ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်ရန် ကလိုရင်းခပ်ခြင်း၊ ရေသန့် ဆေးပြားများပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
Event
ဆေးသုတေသနဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ တင်ပြဖြန့်ဝေခြင်းအခမ်းအနားကျင်းပ
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီများနှင့် ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာနမှ သမားတော်ကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သုတေသနမှ အချက်အလက်များကို “မြန်မာနိုင်ငံ အတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ” စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။
Event
(၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း
ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)တွင် (၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၀)ရက် (သောကြာနေ့) နံနက် (၁၀:၀၀)နာရီတွင် ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Event
Research Methodology သင်တန်းဖွင့်လှစ်ခြင်း
ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်သည် ယနေ့နံနက်ပိုင်းတွင် BSc (Sports)၊တတိယနှစ်(ဂုဏ်ထူးတန်း)ကျောင်းသား/သူများအတွက် ဖွင့်လှစ်သည့် Research Methodology သင်တန်း၌ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Event
သုတေသနနည်းပညာ (Research Methodology Workshop-1) သင်တန်းဖွင့်လှစ်ခြင်း
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု ဖြင့် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ သုတေသန လေ့ကျင်ရေးစင်တာ (Research Training Centre) တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည့် သုတေသ နနည်းပညာ (Research Methodology Workshop-1) သင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Announcement
Tender Announcement
၂၀၂၆-၂၀၂၇ ဘဏာရေးနှစ် ပြင်ပဝယ်ယူမည့် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) နှင့် (ပြင်ဦးလွင်ရုံးခွဲ)၏ အောက်ဖော်ပြပါ ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂပစ္စည်းများအတွက် ကုမ္ပဏီများထံမှ မြန်မာကျပ်ငွေဖြင့် စျေးနှုန်းတင်သွင်းလွှာများအား ဆေးသုတေသနဦးစီးဌာန၊ အမှတ် (၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ရုံးချိန်အတွင်း တင်သွင်းနိုင်ပါရန် နှင့် (၆-၇-၂၀၂၆)(တနင်္လာနေ့)(မွန်းလွဲ ၄:၀၀ နာရီ) နောက်ဆုံးထား ပေးသွင်းပါရန် ကြေညာအပ်ပါသည်။
Announcement
Tender Announcement
၂၀၂၆-၂၀၂၇ ဘဏရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူသမည့် သုတေသနဓာတ်ခွဲခန်းသုံးစက်နှင့် စက်ပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံသုံးပရိဘောဂကပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်းအား ထုတ်ပြန်ကြေညာခြင်း
Event
ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးပညာတတိယနှစ်(၁/၂၀၂၀၆)သင်တန်းမှ ကျောင်းသား/သူများ Elective Program အနေဖြင့် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်လေ့လာခြင်း
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်သည် ၂၀၂၆ ခုနှစ်၊ ဇွန် လ ၁၅ ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန၊ AMRC အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးပညာ တတိယနှစ်(၁/၂၀၂၆)သင်တန်းမှ ကျောင်းသား/သူများ Elective Program အနေဖြင့် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်ခြင်းအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပါသည်။
Event
သုတေသန နည်းပညာ (Research Methodology) သင်တန်းဖွင့်လှစ်ခြင်း
ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်(ရန်ကုန်)၊ စတုတ္ထနှစ် ကျန်းမာရေးသတင်း အချက်အလက်နည်းပညာသင်တန်း (၁/၂၀၂၆) သင်တန်းမှ ကျောင်းသား/သူ (၁၀) ဦးသည် သင်ရိုးညွှန်းတမ်းလိုအပ်ချက်အရ သုတေသနနည်းပညာဆိုင်ရာ ပညာရပ် (Research Methodology) သင်တန်းကို ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) တွင် (၂၇၊၄၊၂၀၂၆) ရက်မှ စတင်၍ ရက်သတ္တပတ် (၂)ပတ်ကြာတက်ရောက်သင်ကြားလျက်ရှိပါသည်။
News
Tender Announcement
၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ဖြင့် ဝယ်ယူမည့် {သွေးတွင်း အသည်းရောင်အသားဝါဘီပိုး ၏ပဋိပစ္စည်း(Anti-HBs)ကို Vitek Immuno Diagnostic Assay System(VIDAS)ဖြင့် တိုင်းတာရန်လိုအပ်သော Reagentsများ နှင့် ခွေးရူးပြန်ရောဂါ ခုခံအား တိုင်းတာရန် လိုအပ်သော ELISA Test Kits} ပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်းအားထုတ်ပြန်ကြေညာခြင်း